41

2K 214 1
                                    

[Unicode]
Chapter-41 (ပြီးပြည့်စုံတဲ့ အမှတ်အသားပေးခြင်း)

ဂျက်စီကာ အိမ်ခန်းထဲဝင်သွားပေမဲ့လည်း အခန်းတံခါးနားကပ်ကာ အပြင်ကပြောနေတဲ့စကားသံတွေကို ခိုးနားထောင်နေဆဲဖြစ်ပြီး ယန်ကျိ က ထိုအခန်းကိုတချက်ကြည့်ကာ တုရှန်း ကိုပြောလိုက်တယ်။

"အခန်းထဲဝင်ရအောင်"

"ပျင်းဖို့ကောင်းလိုက်တာ"

ဂျက်စီကာ မကျေမနပ်ညီးတွားလိုက်တယ်။

ထို့နောက် တုရှန်း လည်း ယန်းကျိ ဝှီးချဲကို အခန်းထဲထိတွန်းရင်း အခန်းတံခါးကိုပိတ်လိုက်တာနဲ့တပြိုင်နက် ယန်ကျိ က တုရှန်း ကို သူ့ပေါင်ပေါ်ဆွဲချလိုက်တယ်။

"ဒီည ကိုယ်မင်းကိုအမှတ်အသားပေးလို့ ဖြစ်တယ်မလား"

တုရှန်း နားအနားတိုးကပ်ကာ ယန်ကျိပြောလိုက်တော့ တုရှန်း ရဲ့ မျက်နှာလေးက ချက်ချင်းဆိုသလို ရဲတွတ်သွားတယ်။တစ်ဖက်မှာလည်း တုရှန်း တစ်ယောက်ကတော့ အမြဲတမ်း အရှက်သည်းနေတဲ့ သူ့ရဲ့ အယ်လ်ဖာမင်းသားလေးက  အခုကျတော့ လက်ဦးမှုယူပြီး ထိုသို့သောမေးခွန်းမျိုးကို အရင်ဆုံးမေးလာတယ်။ တစ်ကယ် မထင်ထားစရာပဲလို့ တွေးနေမိတယ်။

အဲ့လိုနဲ့ တုရှန်း ခေါင်းကိုဖြည်းညင်းစွာညိမ့်ပြလိုက်ချိန် ယန်ကျိ မျက်လုံးထဲ အရောင်တွေလက်လာကာ ရင်ထဲကလည်း အပူမီးတွေတောက်လောင်လာတယ်။သူမလှုပ်ရှားသေးခင်မှာပဲ ရှက်နေတဲ့ တုရှန်း ဘက်ကနေ ယန်ကျိ ခေါင်းကို လက်နှစ်ဖက်နဲ့ဆွဲယူကာ နမ်းရှိုက်လိုက်တယ်။

နူးနူးညံ့ညံ့နူတ်ခမ်းလေးရဲ့အထိအတွေ့ကြောင့် ယန်ကျိ ခေါင်းတွေ ချက်ချင်းပဲမူးဝေလာတယ်။နတ်ဆိုးလေး တုရှန်း ကို ပွေ့ဖက်လိုက်ပြီး ယန်ကျိ ရင်ထဲမှာလည်း စိုးရိမ်နေမိတယ်။မင်း တုရှန်း ကိုတပ်မက်နေတာပဲမလား။ ဘာတွေကို စိတ်ပူနေဦးမှာလဲ။စားပွဲပေါ်က အူတိုင်ကြီးကတော့ တကယ်ပဲ ရိုမန့်တစ်မဆန်နေဘူးနော်...လို့ပြောနေလေရဲ့။

ခဏကြာ စိတ်ရှုပ်ထွေးနေခဲ့ပေမဲ့ တုရှန်း ရဲ့အရသာကို မြည်းစမ်းကြည့်ပြီးနောက် အယ်လ်ဖာရဲ့သားရဲ သဘာဝက နိူးကြားလာတယ်။ယန်ကျိ တစ်ဖက်လူကိုပြန်တုန့်ပြန်ကာ တုရှန်း ကို ပိုပိုပြီးနက်နက်ရှိုင်းရှိုင်းနမ်းရှိုက်လိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now