43

1.7K 179 5
                                    

[Unicode]
Chapter-43 (ရင်းနှီးလာခြင်း)

တုရှန်း သူ့မှာလုပ်စရာရှိနေတာကြောင့် မြန်မြန်ပဲအလုပ်စဆင်းနေပြီဖြစ်တယ်။ ထိုအူတိုင်ကို အကြိမ်ပေါင်းများစွာ လေ့လာပြီးတဲ့နောက်မှာတော့ အဲ့ဒါက သက်မဲ့လည်းမဟုတ်သလို အသက်ရှိနေပြန်တာလည်းမဟုတ်ပြန်ဘူး။အတွင်းပိုင်းက ရှုပ်ထွေးနေတဲ့ဖွဲ့စည်းပုံရှိပြီး အသိစိတ်ရှိမနေတာကလွဲရင် ထိုအရာက သက်ရှိတခုနဲ့ဆင်နေတယ်။ဒေတာအချက်အလက်တွေမှာ အူတိုင်ရဲ့လှုပ်ရှားနေတဲ့ လှိုင်းတွေကိုပြသနေတယ်။

တစ်ချိန်တည်းမှာပဲ ပြိုင်ပွဲကစတင်ပြီဖြစ်တဲ့အပြင် တုရှန်း ရဲ့ သုတေသနကလည်း အခုထိမပြီးစီးသေးပေ။ဒါပေမဲ့ သူ့လက်ရာကိုတော့ နောက်ဆုံးပွဲမှသာ ထုတ်ပြသမှာဖြစ်တယ်။ပြိုင်ပွဲအစောပိုင်းဇယားတွေက လူအရေအတွက်များပြားလွန်းတာကြောင့် အနည်းဆုံး တစ်ပတ်ထက်ပိုကြာတတ်တယ်။ ဒါကြောင့် တုရှန်း အနေနဲ့ သိပ်အလျှင်မလိုပေ။

ကျိယောင်ပြိုင်ပွဲရဲ့ တည်နေရာက Star C ရဲ့ ပင်လယ်မြို့တော် "Penglai" ဖြစ်တယ်။ပြောရရင် အဲ့နေရာက ရှေးဟောင်းကျတဲ့ နယ်မြေကနေ ဆင်းသက်လာတဲ့နေရာတစ်ခုဖြစ်ပြီး အခုဆိုရင် မြို့သစ်အနေနဲ့ များစွာသောနည်းပညာတွေနဲ့ ပြင်ဆင်ထားပေမဲ့ နေထိုင်သူဦးရေကတော့ သိပ်မများသေးပေ။Penglai ဟာ ပင်လယ်ပြင်မှာတည်ရှိတဲ့ လူလုပ်မြို့တော်တခုသာဖြစ်ပြီး ပတ်ပတ်လည်က ပင်လယ်ရူခင်းကလည်း အရမ်းကိုပဲလှပတယ်။

တုရှန်း အိမ်ပြန်ရောက်တော့ ကျိယောင်ပြိုင်ပွဲရဲ့ အချိန်ဇယားရရှိလိုက်တယ်။ပြိုင်ပွဲစီစဉ်တဲ့အဖွဲ့အစည်းက ပြိုင်ပွဲဝင်တွေအတွက် sea view အခန်းတွေပဲ အထူးပြင်ဆင်ပေးထားတယ်။သုံးပတ်နီးပါးလောက်ကြာမြင့်တဲ့ အချိန်ဇယားနဲ့အတူ ပြိုင်ပွဲဝင်တွေ ထိုနေရာမှာတည်းခိုနိုင်ဖို့ဖြစ်တယ်။ပြောရမယ်ဆိုရင် နောက်ဆုံးပြိုင်ပွဲမှာအနိုင်ရရှိခဲ့ရင် Penglai မှာ အနည်းဆုံး၂၁ရက်နီးပါး နေနိုင်မှာဖြစ်တယ်။

ဒါပေမဲ့ တုရှန်း စိတ်ဖိစီးနေတယ်။  ယန်ကျိ ကို သူဘယ်လိုပြောရပါ့မလဲ။ယန်ကျိ က သူ့ကို အမှတ်အသားပေးပြီးအချိန်ကတည်းက နှစ်ယောက်သားက ကော်လိုပဲကပ်နေတတ်တယ်။အထူးသဖြင့် ယန်ကျိ က အရင်ကထက်လုံးဝကိုကွဲပြားနေပြီး အလုပ်သွားရမဲ့ရက်မျိုးမှာတောင် နေ့တိုင်းနီးပါးလုပ်နေခဲ့တာဖြစ်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now