27

2.7K 318 4
                                    

[Unicode]
Chapter-27 (မတော်တဆ)

"ဟေး တုရှန်း"

ရူချွိ တာမင်နယ်ကိုဖွင့်ပြီး နှုတ်ဆက်လိုက်တယ်။

"စီနီယာ...ဒီပြဿနာကိစ္စတွေသာမဖြစ်ရင် စီနီယာပြန်လာတာတောင် သိမှာမဟုတ်ဘူး"

ရူချွိ ဘွဲ့ရတဲ့နှစ်မှာပဲ သူ တုရှန်း ကို ချစ်ခွင့်ပန်ခဲ့တယ်။အဲ့အချိန်တုန်းက သူအချစ်မှာ အရူးအမူးကျဆုံးနေတဲ့အချိန်လည်း ဖြစ်ပြီး တစ်ချိန်တည်းမှာလည်း တုရှန်း မှာ မသန်စွမ်းဖြစ်နေကြောင်း ထောက်ခံစာရလာတဲ့အချိန်လည်းဖြစ်တယ်။

ဒါပေမဲ့ တုရှန်း ကငြင်းလိုက်မယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ။ရူချွိ အဲ့တုန်းကဘယ်လောက်ရှက်ခဲ့လဲဆိုတာကို ပြန်မတွေးမိချင်လောက်အောင်ပဲ။သူက မြုံနေတဲ့အိုမီဂါဆီကနေ အငြင်းခံရတယ်ဆိုတဲ့သတင်းက မျက်နာမပြရဲလောက်အောင်ဖြစ်စေတာကြောင့် သူ Star Cကနေ စိတ်ဆိုးဆိုးနဲ့တခြားဂြိုလ်ဆီထွက်သွားခဲ့တာဖြစ်တယ်။

အဲ့အကြောင်းကို အခုပြန်တွေးရင် ငယ်ငယ်က ကိုယ့်အတွက်ကိုပဲ အရမ်းကြည့်သလိုဖြစ်နေခဲ့တယ်။ဒါပေမဲ့လည်း  သူအခုချိန်ထိ တုရှန်း ကိုကြိုက်နေဆဲဆိုတာ မငြင်းနိုင်ဘူး။တုရှန်း  ရဲ့ မင်္ဂလာသတင်းကိုသာ သူမကြားမိရင် star C ကိုသူပြန်လာဖြစ်ဦးမှာမဟုတ်ဘူး။ ပြန်ရောက်တာသိပ်မကြာသေးပေမဲ့လည်း အခုထိတော့ တုရှန်းနဲ့ မဆုံဖြစ်သေးပေ။ အခု ဒီseries ကြောင့်သာ ပြန်ဆုံရတာဖြစ်တယ်။

"ပထမမင်းသားက မင်းအပေါ်ကောင်းရဲ့လား"

ရူချွိ စိုးရိမ်တကြီးမေးလိုက်တယ်။

"ကောင်းပါတယ်"

တုရှန်း နည်းနည်း ရှက်နေမိတယ်။ယန်ကျိ က သူ့မိသားစုပြီးရင် အကောင်းဆုံးလူဖြစ်တယ်။

"တော်သေးတာပေါ့"

ရူချွိ ဘာဆက်ပြောရမလဲမသိ‌‌တော့ဘူး။တုရှန်းဘက်ကနေ အရင်နှစ်တွေကအကြောင်းတွေကိုမေးလာတယ်။ရူချွိ လည်း တစ်ခုစီကို ပြန်ဖြေနေခဲ့တယ်။အဲ့အချိန် တုချိ အိပ်မပျော်သေးကြောင့်အခန်းထဲကထွက်လာချိန် ရူချွိ  နဲ့ တုရှန်းတို့ ဆက်သွယ်နေတာကိုမြင်လိုက်ရတာကြောင့် သူ့မျက်လုံးတွေမဲမှောင်လာကာ စိတ်ထဲမပါပေမဲ့ သူ့နှလုံးသားထဲက သဝန်တိုမှုတွေက မထိန်းချုပ်နိုင်တော့ဘဲ လွှမ်းမိုးလာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now