58

848 104 0
                                    

[Unicode]
Chapter-58 (ညအိပ်ဝတ်စုံ)

တုရှန်း ရေချိုးခန်းနံရံကိုမှီထားရင်း မနေ့ည အရမ်းပိုင်ဆိုင်လိုမှုကြီးခဲ့တဲ့ ယန်ကျိ နဲ့သူ့ကြားက စေးကပ်နေခဲ့တဲ့အကြောင်းကို ပြန်တွေးနေမိတယ်။

မနေ့ကကိစ္စမှာဆိုရင် သူ့ရဲ့အရင်ပုံစံက အဲ့လိုမျိုးမဟုတ်ပေမဲ့ မနေ့ကတော့ သူအရင်ကထက်ပိုပြီး တွယ်ကပ်နေခဲ့မိတယ်။ကြည့်ရတာ သူနေသားကျလာတာကြောင့်နေမယ် တခြားချစ်စရာကောင်းတဲ့အိုမီဂါလေးတွေလိုပဲ သူကလည်း မခြားမနားဖြစ်လာသလိုပါပဲလေ။

မနေ့ညကအဖြစ်အပျက်တွေ တုရှန်း ကို နည်းနည်းလဲရူးသွပ်သွားစေတယ်။ဒီနေ့တော့ သူကော ယန်ကျိပါ ဘာဘီကျူး စားချင်နေတာကြောင့် ယန်ကျိ ကို အပြင်ထွက်ပြီး လိုအပ်တာထွက်ဝယ်ခိုင်းထားလိုက်တယ်။

ယန်ကျိ ကတော့အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေပေမဲ့ တုရှန်း ကတော့ သူတို့နှစ်ယောက်အတူသာဆက်ရှိနေသေးရင် သူဒီနေ့အစာစားဖြစ်မှာမဟုတ်မှာကို စိုးရိမ်မိတယ်။အခုဆိုရင် ရေချိုးခန်းကလွဲလို့ အပြင်ကနေရာတိုင်းမှာ ယန်ကျိ ရဲ့ ဖယ်ရိုမုန်းတွေကြီးပဲ။ယန်ကျိ ထွက််မသွားခင် ပြတင်းပေါက်တံခါးဖွင့်ပေးဖို့ တုရှန်း ပြောခဲ့တယ်။

သူ့ခါးတွေက အခုဆို ပျော့ခွေနေပြီး ရင်းနှီးပြီး ကျင့်သားရနေတဲ့ခံစားချက်အတိုင်းပင်။သူ့လည်ပင်းရဲ့ ဂလန်းမှာ သွားရာတစ်ခုထက်မနည်းရှိနေပြီး သူ့ကိုယ်ပိုင်ဖယ်ရိုမုန်းတောင်မှ ယန်ကျိဖယ်ရိုမုန်းတွေနဲ့ဖုံးလွှမ်းလို့နေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျိ ကို အပြင်ထွက်သွားခိုင်းတာက သူ့မှာလုပ်စရာတစ်ခုရှိတာကြောင့်ဖြစ်ပြီး အဲ့ဒါကတော့ စကတ်ကိုလျော်ဖို့ပဲ။

မလျော်ရသေးတဲ့ခြင်းထဲက စကတ်ကိုထုတ်လိုက်ရင်း အနီရောင်စကတ်လေးက တွန့်ကြေနေပြီးသားဖြစ်ပေမဲ့ တုရှန်း က အမြင်စူးရှတာကြောင့် တစ်ခေါက်တည်းနဲ့ စကတ်ခေါက်ရာနားက ခြောက်သွေ့နေတဲ့ အဖြူကွက်တချို့ကို မြင်လိုက်ရပြီး မျက်နာတွေရဲလာတယ်။အဲ့ဒီနောက် စကတ်ကိုထုတ်လိုက်ပြီး အဝတ်လျော်စက်ရုပ်ဝမ်းဗိုက်ထဲထည့်လိုက်တော့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now