24

3K 347 4
                                    

[Unicode]
Chapter-24(မင်းမှာအစွမ်းအစရှိရင် လာလုပ်)

ယာဉ်ပျံက ဟော့ပေါ့ဆိုင်ကိုဆိုက်ရောက်ချိန်မှာတော့ ယန်ကျိ အိပ်ပျော်နေဆဲ တုရှန်း ကို နှိုးလိုက်တယ်။အိပ်ရာကနိုးကာစဖြစ်နေတာကြောင့် ဆံပင်တွေရှုပ်ပွကာ အိပ်ချင်မူးတူးပုံစံဖြစ်နေသည့် တုရှန်း ကို မြင်တော့ ယန်ကျိ ရုတ်တရက်ကြီး ဖက်နမ်းချင်စိတ်ပေါ်လာတော့တယ်။

ဒါပေမဲ့ ယန်ကျိ က တခြားအယ်လ်ဖာတွေနဲ့မတူတာကြောင့် သူ့စိတ်ရဲ့အလုံးစုံကိုတော့ မဖော်ပြနိုင်သေးပေ။

တုရှန်း မျက်လုံးတွေကိုပွတ်ရင်း သူ့ရဲ့ရှုပ်ပွနေတဲ့ပုံစံကိုကြည့်ကာ ပြုံးနေတဲ့ ယန်ကျိ ကိုမြင်တော့

"အရှင့်သား ဘာဖြစ်လို့လဲ"

ယန်ကျိ သူ့ခံစားချက်တွေကိုပြန်မြိုသိပ်လိုက်ပြီး တုရှန်း ဘက်ကို ဝှီးချဲတွန်းသွားပြီး

"သွားစို့ ဆင်းကြမယ်"

တုရှန်း လည်း "အမ်း" လို့ ရွတ်ကာ ခုနက ယန်ကျိ အပြုအမှုနဲ့ပတ်သက်ပြီး သံသယမရှိဘဲ ယန်ကျိ အနောက်ကနေလိုက်သွားတယ်။

ဒီဆိုင်က အရမ်းနာမည်ကြီးသော ဟော့ပေါ့ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ထဲကိုဝင်သွားတော့ ဟော့ပေါ့အနံ့အမျိုးမျိုးကို တုရှန်း ရလိုက်ပြီး ဗိုက်မဆာတဲ့သူကိုတောင် ဗိုက်ဆာစေတယ်။

နှစ်ယောက်သား သီးသန့်အခန်းတစ်ခန်းကိုယူလိုက်ကြတယ်။သီးသန့်ခန်းရဲ့စားပွဲဝိုင်းကြီး အလယ်မှာ ဟော့ပေါ့တည်တဲ့အိုးရှိပြီး အောက်ခြေဟင်းပွဲတင်တဲ့ စားပွဲဝိုင်းမှာ တစ်မီတာပတ်လည်ရှိပြီး ထိုင်ခုံငါးခုံရှိတယ်။

"အရှင့်သား အစပ်စားနိုင်လား"

တုရှန်း သူ့အရှေ့က ဒစ်ဂျစ်တယ်မီနူး screenကိုကြည့်ရင်း ယန်ကျိ ကိုလှမ်းမေးတယ်။

ယန်ကျိ ခေါင်းငြိမ့်ပြလိုက်ပေမဲ့ မီနူးကိုကြည့်နေတဲ့ တုရှန်း ကမမြင်လိုက်တာကြောင့် သူထပ်ပြီးမေးလိုက်တယ်။

"အရှင့်သား..?"

"အင်း"

ယန်ကျိ တစ်ယောက် စိတ်ထဲမှာတွေးနေမိတယ်။အဲ့မီနူးက အဲ့လောက်တောင်ဆွဲဆောင်မှုရှိနေလို့လား။ ပြန်ဖြေနေတဲ့သူကိုကျမကြည့်ဘဲနဲ့...

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now