40

2K 235 5
                                    

[Unicode]
Chpater-40 (အရမ်းကောင်းတယ်)

နောက်တစ်ရက်မနက်မိုးလင်းတော့ လောင်ထန်း အစောကြီး အိမ်သာကို ဒယိမ်းဒယိုင်ထသွားပြီးနောက် အိပ်ယာထဲပြန်ရောက်လာချိန် သူ့ခြေထောက်က တစ်ယောက်ယောက်ကို ရုတ်တရက်သွားထိမိပြီး သူချက်ချင်းလန့်နိုးသွားတယ်။အဲ့နောက်မှာတော့ ထိုသူက တုန်ဖန့်ရှောင် မှန်း သူသတိရလိုက်ပြီး မီးကိုဖွင့်လိုက်ရတယ်။ အမှန်အတိုင်းပြောရရင် သူအရမ်းလန့်သွားခဲ့တာ...။ပြန်တွေးကြည့်မှ တုန့်ဖန့်ရှောင် တစ်ယောက်အတော်လေး နစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပဲ။ သူအခုပဲ အိမ်သာသွားလို့ ဆူညံနေတာကိုတောင်မှ ထိုလူကနိုးမလာခဲ့ဘူး။

အဲ့လိုနဲ့ လောင်ထန်း ပြန်လှဲလိုက်ပြီး အိပ်ပျော်သွားတော့တယ်။သူဘယ်လောက်ထိ ထပ်အိပ်ပျော်သွားလဲကို မသိတော့ဘူး။ နိုးလာပြီးနောက် လိုက်ကာကိုဖယ်လိုက်ချိန် တစ်ဖက်မှာတော့ ကောင်းကင်ကလင်းထိန်နေပြီဖြစ်ပြီး နောက်ဆုံးတော့ လောင်ထန်း လည်း အိပ်ရေးဝသွားပြီဖြစ်တယ်။တာမီနယ်ကိုဖွင့်ကြည့်လိုက်တော့ မနက်ဆယ်နာရီရှိပြီဆိုတာ သိလိုက်ရတယ်။သူတစ်ဖက်ကိုလှည့်လိုက်ချိန် တုန်ဖန့်ရှောင် တစ်ယောက် အခုထိရှိနေဦးမယ်လို့ သူမထင်ထားမိခဲ့ဘူး။

သူ တုန့်ဖန်ရှောင် ကို တွန်းလိုက်ပေမဲ့ လှုပ်မလာပေ။

"တုန့်ဖန်ရှောင် ထတော့"

လောင်ထန်း အော်ပြီး လှုပ်နိူးနေပေမဲ့ လုံးဝလှုပ်ရှားမလာတာကြောင့် လောင်ထန်း တစ်ခုခုတော့မှားနေပြီဆိုတာ ရိပ်မိသွားပြီး မတ်တပ်ရပ်လိုက်ကာ တစ်ဖက်ကိုသွားကြည့်တော့ တုန်ဖန့်ရှောင် နူတ်ခမ်းထောင့်က သွေးတွေကိုမြင်လိုက်ရတယ်။

လောင်ထန်း လန့်သွားကာ ချက်ချင်းပဲ စောင်ကိုမလိုက်ပြီး တုန်ဖန့်ရှောင် အပေါ်ခွထိုင်ကာ ထိုလူရင်အုပ်ပေါ်က နုလုံးခုန်သံကိုနားထောင်လိုက် တုန်ဖန့်ရှောင် နှာခေါင်းဝနားမှာလည်း အသက်ရှုသေးမသေး လက်နဲ့တို့ကပ်ကြည့်လိုက် လုပ်နေတယ်။

လောင်ထန်း ချက်ချင်းပဲ အိမ်ဖော်စက်ရုပ်ကိုခေါ်ကာ တုန့်ဖန့်ရှောင် ကို ကုသခန်းထဲရွေ့ပေးဖို့ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ အရေးပေါ်ယာဉ်ကိုဖုန်းဆက်ခေါ်လိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now