14

3.2K 512 5
                                    

[Zawgyi]
Chapter-14 (ပိုးသတ်ဆေး)

"မင်းခန္ဓာကိုယ် ဘယ်လိုနေသေးလဲ"

တုရှန်း ကောင်းကောင်းမရပ်နိုင်သေးတာကြောင့် ထိုင်ခုံပေါ်တွင် အားနည်းစွာနဲ့ထိုင်လိုက်ပြီး

"သက်သာလာပါပြီ။ ကျေးဇူးတင်ပါတယ် အရှင့်သား"

"နောက်တစ်ခါ အချက်ပေးသံမြည်ရင် အခန်းထဲက လုံခြုံရေးထိုင်ခုံမှာထိုင်နေဖို့ သတိရ"

ယန်ကျိ ထိုတစ်ခွန်းသာပြောပြီး လှည့်ထွက်သွားကာ သူ့အခန်းထဲကိုဝင်သွားတယ်။

ဒါပဲလား...တုရှန်း အံ့သြသွားတယ်။ သူထင်တာ ယန်ကျိ က သူ့ကို ဒီထက်ပိုပြီး အပြစ်တင်လိမ့်မယ်ထင်တာလေ။ ဒီတိုင်းကျော်သွားလိမ့်မယ်လို့တော့ မထင်မိတာအမှန်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ တုရှန်း လည်း သင်ခန်းစာရလိုက်ပြီဖြစ်လို့ အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်လုပ်တော့မှာမဟုတ်ဘူး။

တစ်ချိန်တည်းမှာပဲ တုရှန်း ရဲ့ဝမ်းကွဲ တုချိ က ယန်ချူး ရဲ့ပါတီပွဲကို ရောက်နေတယ်။ပါတီပွဲမှာ မျိုးရိုးမြင့်လူအများစုကိုပဲတွေ့ရမှာဖြစ်ပြီး ယန်ချူး ရဲ့ပါတီပွဲကို အထူးတက်ရောက်လာကြတာဖြစ်တယ်။ယန်ချူး ကျားလင် နဲ့လက်ချင်းချိတ်ပြီး ပွဲထဲကိုဝင်လာတယ်။ကျားလင်ရဲ့လှပတဲ့မျက်နာက လူတိုင်းရဲ့အကြည့်တွေကို ဆွဲယူသွားနိုင်တာကြောင့် တုချိ စတင် တုန့်ဆိုင်းလာတယ်။

ယန်ချူး မှာ ကျားလင် လိုကြင်ယာဖက်ရှိနေပြီးသားဖြစ်ပေမဲ့ မစ္စဝမ် ရဲ့သောကတွေကြောင့် သူအထင်သေးတဲ့ မြူစွယ်တာကိုလုပ်ရဦးမှာဖြစ်တယ်။

"မင်းအခုထိနားမလည်သေးဘူးလား။ မင်းရှေ့မှာရှိတဲ့ အယ်ဖာတွေအားလုံးက အသားစားတဲ့သူတွေကြီးပဲ။  တော်ဝင်မိသားစုဆိုတာလည်း တစ်လင်တစ်မယားစနစ်ကျင့်သုံးကြတာမဟုတ်ဘူး။  မင်းဘာကိုကြောက်နေမှာလဲ"

မစ္စဝမ် ဆေးလိပ်ကိုဆွဲယူကာ ဆေးလိပ်သောက်လို့ရတဲ့ နေရာဆီထွက်သွားတယ်။

တုချိ တုန့်ဆိုင်းနေတုန်းပဲ။ သူတစ်ကယ်ကြိုက်တာက ယန်ချူး မဟုတ်တဲ့ ယန်ကျိ ဖြစ်နေတယ်။ တော်ဝင်မျိုးနွယ်စုက များစွာသော အိုမီဂါတွေကိုလက်ထပ်နိုင်တယ်ဆိုရင်တောင် အရင်နှစ်ပေါင်းများစွာမျိုးဆက်တည်းက အိုမီဂါနှစ်ယောက်ကိုယူတဲ့ တော်ဝင်မျိုးနွယ်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။သူလုပ်မယ်ဆိုတောင် သူ့ကိုပြောနိုင်မဲ့လူမရှိဘူးဆိုတာ သူသိတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now