34

2.2K 274 8
                                    

[Unicode]
Chapter-34 (ကိုယ်ဝန်ဆောင်ကာလအတွင်း မတော်တဆဖြစ်ခြင်း)

Star D ရဲ့ ဇိမ်ခံအိပ်ခန်းမှာ တုရှန်း တစ်ယောက် အိပ်မက်မက်နေရာကနေ လန့်နိုးလာတယ်။သူနိုးလာတဲ့အချိန်မှာ ခါးပေါ်ယက နွေးထွေးတဲ့အငွေ့အသက်ကို သတိမထားမိခင်အထိ ယန်ကျိ ပျောက်နေတုန်းပဲလို့ ထင်နေခဲ့မိတာ။ ထို့နောက်မှ မနေ့က အဖြစ်အပျက်တွေကို တဖြည်းဖြည်းချင်းပြန်မှတ်မိလာတော့မှ စိတ်သက်သာရာရကာ သက်ပြင်းချရင်း တုရှန်း လက်ကို ယန်ကျိ ပခုံးပေါ်တင်လိုက်တယ်။

ယန်ကျိ ကတော့ အခုအချိန်အထိ အိပ်မောကျနေဆဲဖြစ်တာကြောင့် တုရှန်း နိုးနေမှန်း သတိမထားမိပေ။ထို့နောက် တုရှန်း လည်း ယန်ကျိ ကို ကြည့်ရင်းနဲ့ပဲ ပြန်အိပ်ပျော်သွားတော့တယ်။ဒီတစ်ကြိမ်မှာတော့ တုရှန်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကြောင့် နောက်တစ်ရက် မနက်ခင်းကိုတောင် ကျော်လွန်သွားတယ်။

တုရှန်း အိပ်ယာပေါ်ကထလိုက်ချိန်  ယန်ကျိ ကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေဆဲပင်။ တုရှန်း လည်း တာမီနယ်ကိုကောက်ယူလိုက်တော့ တပ်ရေး မီလာ ဆီက ခေါ်ဆိုမှုသုံးခါကိုတွေ့လိုက်ရတယ်။သူက တာမီနယ်အသံကိုပိတ်ထားတာကြောင့် ခေါ်ဆိုမှုကိုသတိမထားမိလိုက်ပေ။

တာမီနယ်ကို တစ်ဖက်လူနဲ့ပြန်ချိတ်ဆက်လိုက်ချိန် တပ်ရေး မီလာ က ချက်ချင်းကိုင်လာတယ်။

"ဆောရီး မီလာ ကျွန်တော်အခုမှနိုးပြီး ဆက်သွယ်ထားမှန်းသိလိုက်လို့"

တပ်ရေး မီလာ က ကိစ္စမရှိပါဘူးလို့ ပြောလာတယ်။အဲ့နောက်မှာ အဓိက အကြောင်းအရာကိုချက်ချင်းပြောလာတယ်။

"ကြင်ယာတော် ကျွန်တော် Star D မှာ ကြင်ယာတော်ကိုတွေ့ဖို့ရောက်နေပါတယ်"

ဘာကြောင့် တပ်ရေး မီလာ က သူ့ကိုတွေ့ချင်နေရတာလဲဆိုပြီး တုရှန်း သိချင်နေမိတယ်။

"တစ်ခုခုဖြစ်လို့လား"

တပ်ရေး မီလာ က အမှန်တိုင်းပြန်ဖြေလာတယ်။

"ဒီက စာရွက်စာတမ်းတချို့မှာ ကြင်ယာတော်ရဲ့ လက်မှတ်လိုအပ်လို့ပါ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now