59

839 115 0
                                    

[Unicode]
Chapter-59 (ဝက်ပေါက်လေး)

ပိတ်ရက်ပြီးတဲ့နောက်မှာ တုရှန်း အလုပ်ပြန်ဝင်ရချိန်မှာပဲ လောင်ထန်း  အလုပ်ပြန်တက်တာကိုတွေ့လိုက်ရတယ်။ထိုသူရဲ့ပြားနေတဲ့ဗိုက်ကိုတွေ့ပြီးနောက်  လောင်ထန်း ကလေးမွေးပြီးပြီဆိုတာကို တုရှန်း သိလိုက်ရပြီး အချိန်ကိုတွက်ကြည့်လိုက်ရရင် ယန်ကျိ ပြန်လာတဲ့အချိန်လောက်ကဖြစ်လောက်မယ်ထင်တယ်။ထုံးစံအရဆို လောင်ထန်း  အနားယူနေရမှာမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီးအလုပ်ကိုရောက်လာတာလဲ။

လောင်ထန်း ရုံးခန်းထဲကခုံမှာထိုင်နေရင်း တာမီနယ်မှာ ဘာတွေ ရိုက်ပို့နေလဲ မသိ ပုံစံကလဲ အင်အားပြည့်သေးပုံလည်းမပေါ် ။ အရင်တည်းက ပိန်ပါးတယ်ဆိုပေမဲ့လည်း ဘာလို့ အရင်ကထက်ပိုပြီးပိန်လာရတာလဲ။

တုရှန်း တံခါးကိုခေါက်လိုက်ပြီး အထဲဝင်လာတာကို လောင်ထန်း မြင်တဲ့အချိန်မှာတော့ သူက လောင်ထန်းရဲ့ အရှေ့အနားမှာ မတ်တပ်ရပ်နေပြီးဖြစ်တယ်။

"တုရှန်း မတွေ့ရတာကြာပြီပဲ"

လောင်ထန်း တုရှန်း ကို ကြည့်ပြီးပြောလိုက်တယ်။

တုရှန်း ခေါင်းငြိမ့်ကာ

"ကျွန်တော် ခွင့်နှစ်ရက်ပဲယူထားတာပါနော်"

လောင်ထန်း ဘာမှပြန်မပြောပေမဲ့ တုရှန်း ကမေးလိုက်တယ်။

"ကလေးလေးနှစ်ယောက်ကော ကျွန်တော့်အန်ကယ်အိမ်မှာလား။ဘာလေး တွေမွေးလဲ"

"တစ်ယောက်က အယ်လ်ဖာ တစ်ယောက်က... ဘီတာ။ အခုသူတို့က တုန်ဖန့်ရှောင် အိမ်မှာ"

ကလေးတွေအကြောင်းပြောချိန်မှာ လောင်ထန်း နူးညံ့နေသလောက် ဟိုလူကြီးလူကောင်းအကြောင်းပြောချိန်မှာတော့ ခုနကကြင်နာမှုတွေမရှိတော့။

တုရှန်း ကိုယ်တိုင်လည်း ထို တုန်ဖန့်ရှောင် နဲ့ လောင်ထန်း ကြားက ဆက်ဆံရေးကိုကောင်းကောင်းမသိပေ။ သူ့ထင်တာကတော့ အရင်က တုန်ဖန့်ရှောင် က အမှားတစ်ခုခုလုပ်ထားပေမဲ့ အခု လောင်ထန်းက ခွင့်လွှတ်လိုက်ပုံပဲမို့ သူနောက်ထပ် ထပ်ပြီးမမေးတော့။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now