61

826 126 0
                                    

[Unicode]
Chapter-61 (ကွာရှင်းခြင်း)

တုချိ နိုးလာတဲ့နောက်မှာ သူကုသခန်းမှာထဲရှိနေသေးဆဲပင်။ပထမတော့ သူ့ဦးနောက်ကဗလာဖြစ်နေခဲ့ပြီးနောက် သူမွေးလိုက်ပြီဆိုပြီး ကြားလိုက်ရတယ်။

အဲ့လိုနဲ့ သူကုသခန်းကို ကုတ်ဖဲ့ဆွဲတက်ကာ ကလေးကိုကြည့်ချင်ခဲ့တယ်။သူပြောခဲ့တာတွေမှတ်မိသေးတယ် ရူချွိ နဲ့ကွာရှင်းပြီးတာနဲ့ သူကလေးကို မမွေးမြူဘူးလို့။

တုချိ လည်း သူ့မျက်နှာကိုအုပ်ထားပြီး သူ့ရင်ထဲကနာကျင်မှုကိုခံစားနေရတယ်။ခန့်မှန်းမရနိုင်တဲ့ နာကျင်မှု...။ကလေးမွေးပြီးသွားပြီဖြစ်တာကြောင့် သူ့ဗိုက်ကချပ်ရပ်နေခဲ့ပြီဖြစ်ပြီး ဒီကလေးက သူ့ရဲ့ကိုယ်ပိုင်သွေးသားဆိုတာကို သူသေချာမှတ်မိနေဆဲ။ အခုသူမွေးပြီးသွားပြီဆိုတော့ ဒီကလေးကိုပြုစုဖို့အတွက် ဘာအကြောင်းအရင်းမှမရှိတော့။

မျက်ရည်တွေကိုသုတ်လိုက်ပြီး တုချိ သူ့စိတ်ကိုပြင်ဆင်လိုက်ကာ ကုသခန်းကနေ ကုန်းထလိုက်တယ်။သူနည်းနည်း အားနည်းနေသေးတာကြောင့် လှုပ်ရှားမှုကနှေးကွေးနေဆဲ။

သူထွက်လာချိန် ရူချွိ နဲ့ ရူမားမား တို့ဝင်လာကြတယ်။

"ရှောင်ချိ မလှုပ်နဲ့ဦးလေ။  သူ့ကိုကူညီခိုင်းလိုက်"

ရူမားမား က ရူချွိ ကို ပုတ်ပြလိုက်တော့ ရူချွိ ချက်ချင်းပဲ ကူပြီး အိပ်ယာပေါ်အိပ်ဖို့တင်ပေးလိုက်တယ်။

တုချိ ကတော့  စကားတစ်ခွန်းမှမပြောသလို ရူချွိ ကိုလည်းမကြည့်။ရူချွိ အနည်းငယ်ရှက်နေခဲ့ပြီး

"ငါကလေးကို မင်းကြည့်ဖို့ယူလာခဲ့မယ်"

ထိုစကားကို တုချိ ကြားတော့ မျက်လုံးတွေကလှုပ်ရှားလာပြီး ချက်ချင်းပဲ

"မလိုဘူး ငါမကြည့်ချင်ဘူး"

သူကြည့်မိတာနဲ့ သူထိုကလေးကိုလွမ်းနေမိလိမ့်မယ်

ရူချွိ ရှက်နေမိပြီး။ရူမားမား က သူတို့ကြားကဆုံးဖြတ်ချက်ကိုသိထားသူပီပီ ထိုအချိန်မှာ ဘာတစ်ခွန်းမှဝင်မပြောပေ။နောက်ဆုံးအနေနဲ့ သူမသားပြန်ပြီးအဆင်ပြေအောင်ညှိယူနိုင်ဖို့ပဲ သူမမျှော်လင့်မိတယ်။ဒီမြေးလေးက မွေးလာတည်းက မိဘတပါးကိုဆုံးရှုံးရမယ်ဆိုရင် ဘယ်လောက်ရင်နာဖို့ကောင်းလိုက်သလဲ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now