28

2.6K 304 5
                                    

[Unicode]
Chapter-28 (ရန်သူရဲ့လမ်းကြောင်းက ကျဉ်းမြောင်းတယ်)

တုချိ ရူအိမ်ထဲကထွက်လာကတည်းက သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားနေရတာကြောင့် ကြောက်စိတ်နည်းနည်းဝင်လာတယ်။သူ့ကိုယ်သူ ဖုံးကွယ်ပြီးထွက်လာတာပဲ မဟုတ်လား။ တုမိသားစု က ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မှာလဲ။

ယာဉ်ပျံနဲ့ အရှေ့ကိုမောင်းနေရင်း နောက်ကမြင်ကွင်းကိုလည်း လှည့်ကြည့်နေမိတယ်။သူ့နောက်ကိုလိုက်နေတဲ့ ဘယ်အရာတစ်ခုမှမတွေ့တဲ့အခါမှ သူစိတ်သက်သာရာရသွားတော့တယ်။ယာဉ်ပျံတစ်ခုလုံးကမဲမှောင်နေပြီး အထပ်မြင့်အဆောက်အဦးတွေကို ဖြတ်ကျော်လာတယ်။

ထို့နောက် သူ ယာဉ်ပျံစွန့်ပစ်တဲ့ပါကင်ကို သူရောက်သွားတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘယ်သူမှမရှိသလို ယာဉ်ပျံတွေလည်းရှိမနေဘူး။သူဒီနေရာကို ရွေးလိုက်တာက ဘယ်သူကိုမှမသိစေချင်တဲ့အပြင် ဒီနေရာကိုရောက်ဖို့ အကုန်အကျလည်းနည်းတာကြောင့် ပုန်းခိုဖို့အတွက် နေရာအကောင်းဆုံးပဲ။ ထို့နောက် သူ  တခြားအရေးပါမဲ့အရာတွေနဲ့ ယာဉ်ပျံအသေးလေးတစ်ခုကို ရှာဖွေလိုက်တယ်။

သူရှိနေတဲ့နေရာကို ဘယ်သူ့ကိုမှမသိစေချင်တာကြောင့် ဒီယာဉ်ပျံဝယ်ဖို့အတွက်တောင် သူ့မှာ ပိုက်ဆံတွေအများကြီးချေးလိုက်ရတယ်။ ဒီကိစ္စအတွက် သူအတော်လေး အားစိုက်ထုတ်လိုက်ရတယ်။ဒီနှစ် ရဲ့ ကြွေးကျန်တွေကို သူဆပ်ပြီးသွားပြီဆိုပေမဲ့ အခုချိန်မှာ ထပ်ချေးယူရလိမ့်မယ်လို့ မထင်ထားမိဘူး။

တုချိ ယာဉ်ပျံပေါ်ကဆင်းကာ ပါကင်ဂိတ်ပေါက်ကို လမ်းလျှောက်သွားတယ်။လျို့ဝှက်နံပါတ်ပေါင်းများစွာ ရိုက်နိုပ်ပြီးချိန်မှာတော့ ဂိတ်တံခါးပွင့်သွားပြီး အထဲကိုဝင်သွားတော့ ပါကင်တစ်ခုလုံးက ယာဉ်ပျံတွေနဲ့ပြည့်ကျပ်နေတယ်။

မျက်နှာကျက်မီးကို ဖွင့်ပြီးနောက် တုချိ ယာဉ်ပျံရှိရာကိုချဉ်းကပ်လာတယ်။သူ့မျက်လုံးနဲ့အတည်ပြုပြီးတဲ့နောက် ယာဉ်ပျံဝင်ပေါက်ကပွင့်သွားပြီး တုချိ လည်း အထဲကိုဝင်မယ်အလုပ် တစ်ယောက်ယောက်ကသူ့ပါးစပ်ကို အုပ်ပိတ်လာခဲ့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now