38

2K 263 2
                                    

[Unicode]
Chapter-38 (တစ်စုံတစ်ယောက်ကိုရှာဖွေဖို့အတွက် အသံလွှင့်ခြင်း)

ယန်ကျိ အထဲကိုဝင်သွားကာ စားပွဲခုံရဲ့ထိပ်ဆုံးမှာ ဝင်ထိုင်လိုက်ချိန်မှာပဲ အစည်းအဝေးခန်းထဲမှာ အပ်ချသံတောင်မကြားရလောက်အောင်ကို တိတ်ဆိတ်သွားတော့တယ်။မီလာ ရဲ့ မျက်နှာက ဖြူဖျော့နေပြီး သူ့ကိုယ်သူ ဒီပွဲမှာ အဆုံးသတ်သွားပြီဆိုတာ သိလိုက်ရပြီဖြစ်တယ်။

"ငါတော်တော်စိတ်ပျက်မိတယ်"

ယန်ကျိ ပြောလိုက်တဲ့ စကားက လူအများစုကို မလုံမလဲခံစားသွားရစေတယ်။မင်းသားက အသက်ရှင်လျှက်ရှိနေသေးပေမဲ့ သူတို့ကတော့ အထင်နဲ့အမြင် တခြားစီ ဖြစ်ပျက်နေခဲ့ကြတာမလား။

"မင်းတို့က အေးအေးဆေးဆေးနဲ့အကြာကြီး နေလာကြရလို့လား"

ယန်ကျိ နောက်တစ်ခွန်းထပ်ပြောလာတယ်။

"မင်းသား ကျွန်တော်တို့ အားလုံးမှားသွားပါတယ်။ပြီးတော့ မင်းသားအန္တရာယ်ကင်းကင်းရှိနေတာကို မြင်ရတော့ တကယ်ပဲဝမ်းသာမိပါတယ်"

စစ်သားငယ်လေးကပြောလာတယ်။သူက ယန်ကျိ ကို အကြာကြီး လေးစားလာခဲ့ရသူဖြစ်ပြီး ခုနက မီလာ ရဲ့စကားတွေကို သူလုံးဝမထောက်ခံခဲ့ဘူး။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

ယန်ကျိ က ထိုအယ်လ်ဖာစစ်သားငယ်ကိုကြည့်ပြီး မေးတော့

"ပေါ မီရှီယို ပါ"

စစ်သားငယ်လေးကပြန်ဖြေတယ်။

ယန်ကျိ ခေါင်းငြိမ့်ကာ

"ဒီနေ့ ငါအားလုံးကိုပြောပြချင်တာတစ်ခုက သစ္စာဖောက်အကြောင်းပဲ"

ဒါကို ဘာရီ ပြောခဲ့တုန်းက တော်တော်များများကမယုံခဲ့ကြဘူး။ဒါပေမဲ့ အဲ့စကားကို ယန်ကျိ ကိုယ်တိုင်ဆီကနေကြားလိုက်ရတဲ့အခါမှာတော့ အခြေအနေကမတူတော့ဘူး။

"သူကဘယ်သူလဲ"

တစ်ယောက်က မေးလာတယ်။

ယန်ကျိ ထိုလူကို လက်ကာပြကာ တိတ်တိတ်နေဖို့အချက်ပေးလိုက်ပြီး ဆက်ပြောလာတယ်။

"ငါ အမြဲတမ်း အဲ့ဒီလူကို သူ့အမှားသူသိဖို့မျှော်လင့်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒီလူက ပေးထားတဲ့ အခွင့်အရေးကိုလက်လွှတ်လိုက်ပြီ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now