45

993 131 1
                                    

[Unicode]
Chapter-45 ဒုတိယအလွှာ

ရူချွိ တုချိကို အလန့်တကြားကြည့်လိုက်မိတယ်။သူတို့အမှတ်အသားပေးတုန်းကနဲ့ပါထည့်တွက်ရင် သူတို့မှာအရင်ကအတူနေခဲ့ဖူးတဲ့ အတွေ့အကြုံရှိပေမဲ့ ထိုကိစ္စတွေဟာလဲ ကတောက်တဆဖြစ်ရာကနေ မထင်မှတ်ပဲ အိပ်ယာပေါ်မှာအဆုံးသတ်သွားခဲ့တာမျိုးပဲဖြစ်တယ်။

ဒီတခါကကော ဘာအတွက်လဲ...

"လာနောက်နေတာလား"

တုချိ နူတ်ခမ်းကိုမပျော်မရွှင်ကိုက်ထားမိတယ်။သူဘယ်တုန်းက နောက်မိလို့လဲ။ကိုယ်ဝန် ကလဲအခုဆို စိတ်ချလို့ရပြီလေ။အခု သူ့အထီးကျန်မှုတွေကို ရူချွိဆီက ထွေးပွေ့ခံရင်းနဲ့ ပျောက်ကွယ်သွားစေချင်တယ်။ရူချွိက သူ့ကိုသရဲတစ်ကောင်လိုကြည့်လာလိမ့်မယ်လို့ သူမထင်ထားမိ။

"ဘယ်သူကနောက်နေလို့လဲ"

တုချိ အိပ်ယာပေါ်ကထိုင်ကာ စလစ်ပါ ကိုကန်ချွတ်လိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်တယ်။ညအိပ်ဝတ်စုံကို အနည်းငယ်လစ်ဟာပြလိုက်ပေမဲ့ ပေါင်ရင်းနားကိုရောက်မှရပ်လိုက်တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အသားစားဖူးသွားတဲ့အယ်ဖာအနေနဲ့ သတ်သတ်လွတ်ပြန်စောင့်နေရတာက အတော်လေးခက်ခဲတယ်။အခုသူနေသားကျနေပြီလဲဆိုကော တုချိကထက်ပြီးလာစွပြန်ပြီ။

"အဲ့ဒါက ...ငါ.."

ရူချွိငြင်းဖို့ပြင်တော့ တုချိကခြေထောက်ကိုမကာ ရူချွိရဲ့ကြောက်မက်ဖွယ်နေရာကို ထိလိုက်တယ်။

ရူချွိမျက်လုံးတွေရုတ်တရက်ပြောင်းလဲသွားပြီး တုချိရဲ့ ခြေထောက်လေးတွေကိုလှမ်းဆွဲလိုက်တယ်။

"မင်းလုပ်နေတာက အန္တာရယ်များတယ်ဆိုတာ သိသေးရဲ့လား"

တုချိ မကြောက်မလန့်ပြုံးလိုက်ကာ

"ဒါလင်နဲ့မယားကြားမှာ ပုံမှန်ပဲမဟုတ်ဘူးလား"

ရူချွိသက်ပြင်းချလိုက်ပြီး အိပ်ယာပေါ်တက်သွားကာ တုချိ ဝတ်စုံကိုချွတ်လိုက်တယ်။ ပူနေတဲ့ဗိုက်ဖောင်းဖောင်းလေးကိုလဲ အကြိမ်အနည်းငယ်လောက် နမ်းလိုက်ပြီးမှ တုချိနဲ့မျက်နာချင်းဆိုင်လိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now