12

3.5K 523 23
                                    

[Zawgyi]
Chapter-12 (အလည်အပတ်ခရီးသွားကြတဲ့ လင်မယား)

မေ့လဲကျသွားတဲ့ မတော်တဆမှုပြီးတဲ့နောက် နောက်တစ်ရက်မှာ တုရှန်း နိုးလာတော့ ယန်ကျိ တစ်ယောက် တုရှန်း ဘောစ့်ဆီမှာ ခွင့်ရက်ယူထားကြောင်းသိလိုက်ရတယ်။

"အရှင့်သား ကျွန်တော်နေကောင်းနေပါပြီ"

တုရှန်း ဒီအခြေအနေကို သိပ်မကြိုက်ဘူး။

"ဒေါက်တာက မင်းအနားယူဖို့လိုတယ်လို့ ပြောထားတယ်"

ယန်ကျိ က အရှုံးမပေးဘဲ ထပ်ပြောလာတယ်။သူလုပ်ထားတာမှားတယ်လို့မထင်ဘူး။တုရှန်း ထပ်လဲကျသွားရင် ပြဿနာကသူ့ဆီရောက်လာမှာ။ ယန်ကျိ သူ့ကိုယ်သူဖြေသိမ့်လိုက်ရတယ်။ စိတ်ပူစရာမလိုပါဘူး...ဒါအားနည်းတဲ့အိုမီဂါလေးပဲမဟုတ်လား။

တုရှန်း လည်း အိပ်ယာပေါ်မှာ စိတ်ပျက်လက်ပျက်လှဲနေပြီး လက်ကိုခေါင်းနောက်ပစ်ကာ မှီထားလိုက်တယ်။  အဲ့ဒီနောက်မှာတော့ ယန်ကျိ ရှိရာကို လှည့်ကြည့်လိုက်ပြီး

"အရှင့်သားကော ဒီနေ့အလုပ်မလုပ်ရဘူးလား"

မင်းသားက အားလပ်နေတာမျိုးရှားတယ်ဆိုတာ သူသိနေတာကြောင့် မေးလိုက်တော့ ယန်ကျိ ခေါင်းခါပြလိုက်ပြီး လက်အောက်ငယ်သားတစ်ယောက်ကိုရှင်းပြသလို အစအဆုံးရှင်းပြလာတယ်။တခြားနယ်မြေရဲ့အရေးကိစ္စပွဲတွေကို နန်းတက်မင်းသားတစ်ယောက်အနေနဲ့ တက်ရောက်ဖို့မလိုတဲ့အချက်ကြောင့် သူ့အနေနဲ့ အခုအချိန်မှာ လုပ်စရာအလုပ်ရှိမနေပေ။

ဒါကို တုရှန်း ကြားတော့ ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရမိသွားတယ်။သူလေ့လာခဲ့တဲ့ အာဟာရလုံလောက်မှုမရနိုင်တဲ့ အနီရောင်ရှိအပင်ရဲ့ အရင်းအမြစ်နဲ့ပတ်သက်ပြီး သူ့မှာအချက်အလက်များရှိမနေသေးပေ။ဘာပဲဖြစ်ဖြစ် ယန်ကျိ ကသူ့ကိုခွင့်ရက်တွေယူပေးထားတာပဲမလား။ အပင်ရှိတဲ့နေရာကိုသွားပြီး လေ့လာတာလောက် ကောင်းတာရှိမှာမဟုတ်ဘူး။တချက်စမ်းကြည့်ဦးမယ်။

တုရှန်း လည်း သူ့စိတ်သူတင်းပြီး အိပ်ယာပေါ်ကထကာ ယန်ကျိ ကိုကြည့်ပြီးမေးလိုက်တယ်။

"အရှင့်သား...ကျွန်တော်အကူအညီတခုတောင်းစရာရှိလို့"

ယန်ကျိ မျက်မှောင်ကြုံ့လိုက်တယ်။ ဒီအိုမီဂါ attention ရှာနေပြန်ပြီလား

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now