21

3.1K 357 5
                                    

[Unicode]
Chapter-21 (အပြန်အလှည် ဆွေးနွေးကြခြင်း)

တုရှန်း လည်း သူ့ကိုယ်သူ ယန်ကျိ နှလုံးသားထဲမှာ ဆာလောင်နေတဲ့သူအဖြစ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယန်ကျိ မယုံသလိုနဲ့သူ့ကိုကြည့်လာတယ်။ တုရှန်း ယန်ကျိ ကို လိပ်ပြာမလုံသလို ပြန်စိုက်ကြည့်နေတယ် ။ သူ့မှာ အဲ့လိုအတွေးရှိမနေတာ အမှန်ဆိုပေမဲ့လည်း အခု ယန်ကျိကသူ့ကိုစိုက်ကြည့်လာတော့ သူလုပ်တာပဲမှားနေသလို ခံစားလိုက်ရတယ်။

"ခဗျားအရမ်းလွန်တာပဲ"

တုရှန်း စိတ်နည်းနည်းတိုသွားပြီး ယန်ကျိ ဘက်တိုးပေးထားတဲ့ အသားပန်းကန်ကို သူ့ဘက်ပြန်ဆွဲယူလိုက်တယ်။

ယန်ကျိ လည်း လက်ထဲရောက်နေတဲ့ အသားမရှိတော့တာကိုမြင်တော့ သူ့မျက်နှာတစ်ခုလုံးဖြူဖျော့သွားတယ်။

"မင်းလုပ်ရဲတယ်ပေါ့လေ"

ယန်ကျိ စိတ်ဆိုးဆိုးနဲ့ပြောလာတယ်။

တုရှန်း အသားတုံးသေးသေးလေးကို ယန်ကျိ ရှေ့မှာတင်ကောက်ယူစားလိုက်ပြီး မသိချင်ယောင်ဆောင်ကာ

"ကျွန်တော်က ဘာလုပ်လို့လဲ"

ယန်ကျိ ဘာပြောရမလဲမသိတော့ဘဲ တိတ်တိတ်လေးစိတ်ဆိုးနေတော့တယ်။

အဆင့်အတန်းရှိအယ်လ်ဖာက ဒီအသားလေးလောက်ကို ဂရုစိုက်မနေရဘူး။ အဆင့်အတန်းရှိတဲ့အယ်လ်ဖာက အိုမီဂါနဲ့ယှဉ်ပြီးစိတ်မဆိုးရဘူး။ယန်ကျိ ရင်ထဲကနေ   တိတ်တိတ်လေး  အယ်လ်ဖာကောင်းဖြစ်နည်းဆောင်ပုဒ် နည်းလမ်းတွေကို သူ့ရှေ့ကအသားကိုကြည့်ရင်း စားချင်စိတ်လျော့သွားအောင် ရေရွတ်နေတော့တယ်။

တုရှန်း ခေါင်းငိုက်စိုက်ကာ ထမင်းတွေကိုကြိတ်ဝါးနေတဲ့ ထိုလူကြီးကိုကြည့်လိုက်တယ်။ယန်ကျိ ပုံကြည့်ရတာ စိတ်ဆိုးနေတဲ့ပုံပဲ။ထိုလူမှာ ခွေးလိုနားရွက်တစုံသာရှိမယ်ဆို အခုအခြေအနေက နားရွက်တွေ ညှိုးစိုက်ကျနေတဲ့ပုံနဲ့အတူတူပဲ။ ထိုအရာကို တွေးမိသွားတော့ ဒီအယ်လ်ဖာက တော်တော်ချစ်ဖို့ကောင်းတယ်လို့ တုရှန်း ခံစားလိုက်ရတယ်၊ဒါကြောင့် အသားပန်းကန်ကို ယန်ကျိ ရှေ့ပြန်တိုးပေးလိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now