10

3.6K 483 10
                                    

[Zawgyi]
Chapter-10 (ကိုယ့်ကိုယ်ကိုအရူးလုပ်ခြင်း

တုရှန်း အနေနဲ့ ဒီလိုပါတီပွဲတွေသွားရတာကိုသိပ်စိတ်မဝင်စားပေ။ ဒီလိုနဲ့‌လျှောက်လာရင်း ဂေါင်စန်း ရဲ့အိမ်နားအထိ ရောက်လာခဲ့တယ်။တောက်ပနေတဲ့ခံစားချက်ကို တုရှန်း ရလိုက်တယ်..

ဂေါင်စန်း အိမ်ကြီးက ခမ်းနားနေတာမျိုးမဟုတ်ဘဲ အပြင်အဆင်တိုင်းက ကလေးကြိုက်ပုံစံဖြစ်နေတယ်။နေရာတိုင်းမှာလည်း ဘောလုံးလေးတွေရှိနေပြီး အံဆွဲတွေမှာလည်း အမျိုးမျိုးသောအရုပ်တွေနဲ့ပြည့်နေတယ်။ ပါတီပွဲရဲ့အလယ်မှာ အလွန်ကြီးမားတဲ့ဧရာမ ဝက်ဝံရုပ်ကြီးကို ထားထားပြီး ထိုအရုပ်က လူသုံးယောက်အရပ်စာလောက် ရှည်ပြီး အကြီးကြီးပဲဖြစ်တယ်။

ထို့နောက် တုရှန်း နဲ့ ယန်ကျိ ရှိနေတဲ့နေရာကို တစ်ယောက်ယောက်ရောက်လာခဲ့ပြီး

" ဂုဏ်ယူပါတယ်"

တုရှန်း နဲ့ယန်ကျိ လည်း ပြုံးပြပြီးတော့ ယဉ်ယဉ်ကျေးကျေးတုန့်ပြန်လိုက်ပေ တုရှန်း စိတ်ထဲမတင်မကျဖြစ်နေတာကြောင့် ယန်ကျိ အနားကပ်ပြီး မေးလိုက်တယ်။

'ဒါကြီးကထူးဆန်းမနေဘူးလား ။ ကျွန်တော်တို့မင်္ဂလာဆောင်ပြီးတာဖြင့် ဒီလောက်တောင်ကြာလှပြီကို ဘာလို့ဒီလူတွေကအရမ်းပျော်နေကြတာလဲ'

တုရှန်း ရဲ့ အမေးကို ယန်ကျိ ကလည်း ခေါင်းငြိမ့်ပြီး ထောက်ခံတယ်။ ဒါက တကယ်ထူးဆန်းနေတာပဲ။ သူတို့နှစ်ယောက် ဦးလေးရဲ့အိမ်တံခါးကနေ စဝင်လာကတည်းက သူ့ကိုမြင်တဲ့လူတိုင်း ဂုဏ်ပြုစကားပြောသွားကြတယ်။

တုရှန်း လည်း ယန်ကျိ ဆီကတုန့်ပြန်သံမကြားတာကြောင့် ယန်ကျိ ကို လှည့်ကြည့်တော့ ယန်ကျိက သူ့ထက်ခေါင်းတလုံးစာအရပ်ရှည်ပြီး ပခုံးကလည်း
သူ့ထက်အများကြီးပိုကျယ်ပြန့်တယ်။ ယန်ကျိ ရဲ့အဲ့လိုရပ်နေတဲ့ပုံစံကိုက တကယ့်ကို လွှမ်းမိုးမှုအပြည့်ရှိနေတယ်။

တုရှန်းလှည့်ကြည့်လာတာကို သိတဲ့ ယန်ကျိ က

"ခေါင်းငြိမ့်ပြလိုက်တယ်လေ"

"အို"

တုရှန်း လည်း ရှက်ကိုးရှက်ကန်းနဲ့ အရှေ့ကိုသာဆက်လျှောက်သွားတော့တယ်။ အခုအချိန်မှာ သူ့မျက်နာတခုလုံးကလည်း ရှက်စိတ်ကြောင့် ပူနွေးနေပြီး တခြားသူတွေသတိမထားမိအောင်လည်းအရမ်းလင်းလွန်းတဲ့နေရာတွေကို ရှောင်နေမိတယ်။  သူ့စိတ်ထဲ ယန်ကျိ ကိုမြင်နေကြ ကို့ယိုးကားယားပုံစံထက် အခုပုံစံကအရမ်းခန့်ညားလွန်းနေတယ်လို့ခံစားမိတာကြောင့်လည်း ဖြစ်မယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now