37

2K 277 3
                                    

[Unicode]
Chapter-37 (သစ္စာဖောက်)

တုရှန်း အိမ်ပြန်ရောက်ပြီး နောက်တစ်ရက်မှာပဲ အလုပ်သွားဖို့ပြင်ဆင်တော့တယ်။ဂျက်စီကာ က နောက်ကျတဲ့အထိအိပ်မောကျနေတာကြောင့် မနက်အစောကြီးအချိန်မှာပဲ တုရှန်း နှိုိုးတာကို ခံလိုက်ရတယ်။

ဂျက်စီကာ က သူ့ကို အနီးကပ်စောင့်ရှောက်ပေးရမဲ့အကြောင်း လောင်ထန်း ကို တုရှန်း ရှင်းပြလိုက်ပြီးနောက်မှာတော့ လောင်ထန်း က ဂျက်စီကာ ကို HR ဌာနမှာ ယာယီအလုပ်လုပ်ခွင့်ပြုပေးလိုက်တော့တယ်။တုရှန်း လည်း သုတေသနအခန်းဆီ မရောက်တာကြာနေပြီဖြစ်တာကြောင့် သူ့ပစ္စည်းတွေနဲ့ သိပ်ပြီးမရင်းနှီးတော့သလို ခံစားလိုက်ရတယ်။သူလက်ရှိစိတ်ခံစားချက်က တက်လိုက်ကျလိုက်ဖြစ်နေပြီး အခုအချိန် အကြောင်းကိုတွေးကြည့်မှပဲ ဒါကမှ သူ့ရဲ့ကိုယ်ပိုင်ဘဝနဲ့တူတော့တယ်။

တုရှန်း သုတေသနဝတ်စုံဝတ်ဆင်ပြီးနောက် တစ်ယောက်ယောက်က တာမီနယ်ကနေ ဖုန်းခေါ်ဆိုလာတယ်။

"ဟယ်လို ဒေါက်တာ Ghost မတွေ့ရတာကြာပြီ"

တုရှန်း နည်းနည်းအံ့သြသွားတယ်။ဘယ်လိုလုပ်ပြီး ဒေါက်တာGhost က ဖုန်းခေါ်လာတာပါလိမ့်။သူတို့က ခရီးထွက်သွားတုန်းကတစ်ခါပဲ သူတို့ဆုံခဲ့ဖူးတာဖြစ်ပြီး အဲ့နောက်ပိုင်း တစ်ခါမှ မှ မဆုံဖြစ်ကြတော့တာ။ သူဘာကိုလိုချင်လို့ပါလိမ့်။

ဒေါက်တာ Ghost ရဲ့မျက်နာက အရင်ကထက်ပိုတည်ကြည်နေပြီး သူ့ပုံစံကြည့်ရတာ အရမ်းကိုပင်ပန်းနေပုံပေါ်ပေမဲ့ မျက်လုံးတွေကစူးရှနေဆဲဖြစ်တာကြောင့် သူ့ရဲ့အသံနဲ့ လက်ရှိပုံစံက သိပ်တော့ကိုက်ညီမနေဘူး။

"အရေးမပါတာတွေမပြောတော့ဘူး။ငါ အူတိုင်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်။မင်းသာ ငါ့ကို အဲ့ဟာခဏငှားပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါပိုပြီးအံ့သြစရာကောင်းတဲ့အရာကို ရှာဖွေနိုင်လိမ့်မယ်"

ဒေါက်တာGhost မျက်နှာက သားကောင်ကိုမြင်လိုက်သလိုမျိုး ပိုပိုတောက်ပလာတယ်။

ထိုစကားတွေကိုကြားတော့ တုရှန်း မျက်မှောင်ကြုပ်လိုက်ပေမဲ့ သူ ဒေါက်တာ Ghost ကိုတိုက်ရိုက်မငြင်းခဲ့ဘူး။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now