4

4.3K 584 8
                                    

[Zawgyi]
Chapter-4 (အနမ်းတပွင့်နဲ့ ဆုပ်ကိုင်ထားတဲ့လက်တစ်စုံ)

Star C ဂြိုလ်ရဲ့ဓလေ့ထုံးတမ်းအရ လက်ထပ်ပြီးသုံးရက်မြောက်နေ့မှာ နှစ်ဖက်မိဘတွေနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့်  တုရှန်း အစောကြီးကတည်းက အိပ်ယာကနေထပြီး  ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတယ်။မနေ့က နန်းတော်ကနေ အထူးဖိတ်ကြားလွှာပို့ခဲ့တာကို တုရှန်း လက်ခံရရှိခဲ့ပြီး ဒီနေ့မှာ starဂြိုလ်ရဲ့ ဘုရင်နဲ့ဘုရင်မတို့နဲ့အတူ မနက်စာစားရန် ဖိတ်ကြားထားတာသောစာဖြစ်တယ်။ ဒါကြောင့် သူစောစောထပြင်ဆင်နေခြင်းဖြစ်တယ်။

ဝတ်စုံကို မနေ့ကတည်းကလာပို့သွားတာဖြစ်ပြီး သူနဲ့အတော်လေးလိုက်ဖက်တယ်လို့ ပြောရမယ်။  ဒါပေမဲ့ တချို့နေရာတွေကတော့ ဝတ်ရတာအတော်လေးရှုပ်ထွေးနေတယ်။

တုရှန်း ပြင်ဆင်လို့ပြီးတဲ့အချိန်မှာ အိမ်ဖော်စက်ရုပ်ဆီက အချိန်ကျပြီဆိုတဲ့အကြောင်း သတိပေးလာတယ်။ဒါမဲ့ ယန်ကျိ က အခုထိအခန်းထဲကထွက်မလာသေးဘူး။

တုရှန်း နည်းနည်းစိုးရိမ်သွားတာကြောင့် တံခါးကိုခေါက်လိုက်တော့ အခန်းထဲကနေ

"ဝင်မလာခဲ့နဲ့"

ဆိုတဲ့စကားသံကြားလိုက်ရတယ်။

လွန်ခဲ့တဲ့သုံးရက်လောက်တည်းက တုရှန်း ဒီအယ်လ်ဖာနဲ့အကျင့်ကို အသားကျနေခဲ့ပြီဖြစ်ပြီး အခု လှမ်းပြောတဲ့ လေသံအရ ဒီလူတခုခုအခက်အခဲတစ်ခုခုကြုံနေပြီမှန်း သူရိပ်မိလိုက်တယ်။

"ဝင်လာခဲ့ပြီနော်"

တုရှန်း ပြောကာတံခါးကိုဆွဲဖွင့်လိုက်ပေမဲ့ တံခါးကလော့ခတ်ထားတယ်။  သူဘာတွေများဖြစ်နေတာလဲ။သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့နောက်မှာ အခန်းတွေရဲ့ passwordကို အချင်းချင်းသိပြီးသားဖြစ်တယ်။တုရှန်း သူ့အတွက်လုပ်ပေးထားတဲ့ ဒီအိမ်ရဲ့တံခါးသော့ကဒ်ကိုသွားယူပြီး တံခါးကိုဖွင့်လိုက်တာကြောင့်

"မင်းကိုဝင်မလာဖို့ ငါမပြောဘူးလား"

ယန်ကျိ ရဲ့မပျော်မရွှင်လေသံထွက်လာတယ်။သူက စစ်မြေပြင်မှာအချိန်အတော်ကြာကြာကုန်ဆုံးခဲ့တာဖြစ်ပြီး သူ့အမိန့်အတိုင်း စစ်သားတိုင်းအမိန့်နာခံဖို့ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ဘယ်အထက်လူကြီးပဲဖြစ်နေပါစေ ယန်ကျိ အမိန့်ကိုမနာခံရဲသူမရှိ။ ဒါမဲ့ဒီအိုမီဂါကတော့ အချိန်တိုင်း သူ့ကိုစိန်ခေါ်နေသလိုပဲ။တုရှန်း လျစ်လျူရှုကာ အဝတ်အစားဝတ်ဖို့အခက်အခဲဖြစ်နေသည့် သူဆီကိုလျှောက်သွားကာ ကူညီပေးလိုက်ပေမဲ့  ယန်ကျိ က သူ့ကို ချက်ချင်းပဲတွန်းထုတ်လိုက်ပြီး

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now