33

2.3K 277 6
                                    

[Unicode]
Chapter-33( တွေ့ဆုံခြင်း)

D Star ကကတော့ အမြဲမှောင်မိုက်နေဆဲပင်။ အလင်းရောင်မရှိ တိတ်ဆိတ်နေသော လူနေရပ်ကွက်မှာ အဆောက်အဦးတချို့ရှိပြီး လူတချို့ကတော့ မစ်ရှင်ကို တိတ်တိတ်လေး ထမ်းဆောင်နေတယ်။

"ဒီနေရာပါ"

ထောက်လှမ်းရေးသမားက ယန်ကျိ ကိုပြောလာတယ်။

တော်တော်များများက အိပ်မောကျနေပြီးဖြစ်တာကြောင့် အလင်းရောင်မရှိသည့် အဆောက်အဦးကို ယန်ကျိ မော့ကြည့်လိုက်တယ်။

"အသင့်ပြင်"

စမစ် အိမ်ထဲက ဂျက်စီကာ တစ်ယောက် အိပ်ပျော်နေရာကနေ ချက်ချင်းလန့်နိုးလာတယ်။သူမက အရမ်းကိုသတိသူတစ်ဦးဖြစ်တယ်။

စမစ် ရဲ့ အိမ်တောက်လျှောက်မှာ စစ်ဆင်ရေးအတွက်စီစဉ်ထားတဲ့ ပုန်းခိုစရာနေရာတွေရှိထားပြီး ထိုနေရာတွေက လုံးဝနေရာလွတ်တွေဖြစ်တာကြောင့် ထိုနေရာကနေ အဆောက်အဦးထဲဝင်ဖို့ ယန်ကျိ တို့ ဦးတည်လိုက်ကြတယ်။

"တုရှန်း ထတော့ ငါတို့သွားမှဖြစ်မယ်"

ဂျက်စီကာ တုရှန်း ကို နှိုးလိုက်တယ်။

တုရှန်း အိပ်မောကျနေချိန်ဖြစ်တာကြောင့် ဂျက်စီကာ ရဲ့ရုတ်တရက်အနှိုးခံလိုက်ရပြီး နည်းနည်းအိပ်ချင်မူးတူးဖြစ်နေလေတယ်။

"ဘာဖြစ်လို့လဲ"

တုရှန်း အဝတ်အစားတွေကိုပြန်စေ့ရင်း  မေးလိုက်တယ်။

"တစ်ယောက်ယောက် ငါတို့ကိုရှာတွေ့သွားပြီ"

ဂျက်စီကာ ပြန်ဖြေပြီးတာနဲ့ သူမလက်ထဲမှာ သေနတ်တစ်လက်ကိုကိုင်ထားတယ်။

"စမစ် ကိုကော သွားမနှိုးဘူးလား"

တုရှန်း အဝတ်အစားမြန်မြန်လဲပြီးမေးလိုက်တယ်။

ဂျက်စီကာ ခေါင်းခါပြလိုက်ပြီး

"စမစ် က အသက်ကြီးနေပြီ အဲ့လူအိုကြီးကိုတော့ သူတို့မနှောက်ယှက်လောက်ပါဘူး"

နှစ်ယောက်သား ထွက်သွားဖို့အသင့်ဖြစ်နေပေမဲ့ ဂျက်ဆီကာ က ထွက်ပေါက်တံခါးဆီ လှမ်းကြည့်လိုက်ကာ တုရှန်း ကို တိတ်တိတ်နေဖို့အချက်ပြလာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now