64

766 105 0
                                    

[Unicode]
Chapter-64 (မင်းကိုလွမ်းတယ်)

ကျိယောင်ပြိုင်ပွဲက မူလသတ်မှတ်ထားတဲ့စည်းမျဥ်းများအတိုင်း ဆက်လက်ကျင်းပလျှက်ရှိတယ်။တုရှန်း က လယ်ဗယ် ငါးခုကိုအောင်မြင်ခဲ့ပြီးတာကြောင့် ခြောက်ယောက်မြောက်အဆင့်မှာရှိနေခဲ့ပြီဖြစ်တယ် ။ပြိုင်ပွဲတစ်လျှောက်က ပိုပိုခက်ခဲလာပြီး ပုံမှန်ဆိုရင် ယန်ကျိ နဲ့ ဗီဒီယိုပြောလေ့ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ သူဖုန်းပြောဖို့ကိုတောင် မအားတော့ဘဲ ပြိုင်ပွဲထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့ရတာဖြစ်တယ်။

ယန်ကျိ တစ်ယောက် တုရှန်း သူ့ကို စခေါ်မဲ့အချိန်ကိုစောင့်နေခဲ့ပေမဲ့ ရက်အနည်းငယ်ကြာတဲ့အထိ တုရှန်း ဘက်ကနေ သူ့ကို 'ကောင်းသောညပါ' ဆိုတဲ့ ညတိုင်းပို့နေကြစာကလွဲလို့ ဘာခေါ်ဆိုမှုမှမရခဲ့ ဒါကြောင့် နည်းနည်းစိတ်ပူပန်လာခဲ့တယ်။

တုရှန်း ပြိုင်ပွဲကြောင့် အလုပ်အရမ်းများတယ်လို့ ခန့်မှန်းမိပေမဲ့လည်း ယန်ကျိ အတွက်နည်းနည်းတော့  အထီးကျန်နေတာကြောင့် သူမပျော်တော့။ တုရှန်း သူ့အတွက်ပြင်ပေးခဲ့တဲ့ သရေစာတွေကိုစားရင်း တာမီနယ်ကနေ ဘာအလင်းမှမပြတဲ့ဟာကိုသာထိုင်ကြည့်နေမိတယ်။ယန်ကျိ  ကတော့ သူ့အနေနဲ့ ပိုလုံ့လစိုက်ကာ တုရှန်း နဲ့တွေ့နိုင်ဖို့အတွက် ပို ကြိုးစားဖို့လိုအပ်နေပြီလို့ခံစားလိုက်ရတယ်။

အဲ့လိုနဲ့ ယန်ကျိ ခုံပေါ်ကထလိုက်တယ်။လော်ဂါနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် Star C မှာ လူနဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်။ပစ္စည်းတွေရဲ့ငွေကြေးတန်ဖိုးကို အချိန်တစ်ခုကြာရင်ပြန်ရရှိနိုင်ပေမဲ့ ဆုံးရှုံးသွားတဲ့လူတွေကိုတော့ ပြန်လည်တိုးပွားလာတဲ့လူဦးရေထဲမှာ ပြန်ရှာလို့မရနိုင်ပေ။

ယန်ကျိ က စစ်တပ်အတွက်ဆိုရင် အရမ်းကိုမြင့်မားတဲ့အရာကိုသာ အလိုရှိတာဖြစ်တယ်။ အထူးသဖြင့် လက်ရွေးစင် mecha တပ်သားတို့လိုမျိုးတစ်ယောက်ချင်းစီကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာ ဖြစ်ပြီး ထိုစစ်ပွဲထဲမှာ ကျလို့သွားတဲ့ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့တယ်။ စစ်ပွဲထဲမှာ ယာယီဆင်နွှဲတိုက်ပွဲဝင်ခဲ့တဲ့အထဲ သူ့အသိတချို့ကို ဒီနေ့တွေ့ခဲ့ရတယ်...တုရှန်း ရဲ့ညီ တုရှောင်

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now