8

4K 543 15
                                    

[Zawgyi]
Chapter-8 (ခိုးကြောင်ခိုးဝှက်)

တုရှန်း က သူ့ရဲ့ လက်ထပ်ပွဲအတွက် ယူထားတဲ့ခွင့်ရက်ကလည်းပြည့်သွားပြီဖြစ်တာကြောင့် အလုပ်ပြန်ဝင်ရတော့မဲ့ရက် ရောက်လာတယ်။ တုရှန်း ရဲ့ အချိန်တော်တော်များက Star Diamond skin care ကုမ္ပဏီအတွက် သုတေသနတွေလုပ်ရင်းနဲ့ပဲ ကုန်သွားခဲ့ရတယ်။ star diamond က star C မှာရှိတဲ့ တခြားသောအလှကုန်လုပ်ငန်းတွေထက်စာရင်တော့ သေးငယ်တယ်လို့ပြောရမယ်။အရင်က  ပင်မတုမိသားစုဝင်တွေက သူ့ကိုအသုံးချလို့ပြီးသွားတဲ့နောက်မှာတော့ တုမိသားစု သုတေသနအဖွဲ့အစည်းကနေ ချက်ချင်းပဲကန်ထုတ်ပစ်ခဲ့တယ်။

Skin care ကုမ္ပဏီရဲ့ ခေါင်းဆောင်အနေနဲ့ပြောရမယ်ဆိုရင် တုမိသားစုရဲ့ အင်အားက မပြောပလောက်အောင် အင်အားကြီးမားတာကြောင့် တုရှန်း တုမိသားစုကထွက်လာတုန်းက အချိန်အတိုင်းအတာတစ်ခုလောက်ထိ အလုပ်မရခဲ့ပေ။ ဒီ star diamond ရဲ့သူဌေးက star Cကလူဟုတ်မနေတာ တော်သေးတယ်လို့ပြောရမယ်။ မဟုတ်ရင် သူအိမ်ပြန်ရင်တောင် အဘိုးကြီးရောက်ချလာမလားဆိုပြီး ကြောက်နေရမှာပင်။

ကြက်ဥပူတင်းကိတ်သုံးလုံး ဖုတ်ပြီးနောက် ပူပူနွေးနွေးနွးနွားနို့ ခွက်နှင့် မုန့်တွေကို စားပွပေါ် တင်ထားလိုက်တယ်။ ပြီးတဲ့နောက်မှာတော့ တုရှန်း အေပရွန်ကိုချွတ်ကာ မနက်စာစားရန် ယန်ကျိ အခန်းဆီသွားကာ တံခါးကိုခေါက်လိုက်တယ်။အရင်တစ်ခေါက်က အဖြစ်အပျက်ဖြစ်ပြီးနောက်မှာပဲ ယန်ကျိ တစ်ယောက် မစားမသောက်ပဲ အခန်းထဲပဲပုန်းနေတာဖြစ်ပြီး တုရှန်း နဲ့ ဆုံဖို့ကိုပင် ငြင်းဆန်နေခဲ့တာဖြစ်တယ်။

"မနက်စာ ရပြီနော်"

တုရှန်း တံခါးခေါက်ရင်းပြောလိုက်တယ်။

"အင်း.."

အခန်းထဲကနေ ယန်ကျိ ရဲ့ အသံကြားမှ တုရှန်း လည်း ထမင်းစားပွဲရှိရာဆီကို ပြန်သွားလိုက်တယ်။ သူ့ခြေလှမ်းတွေအတော်လေးဝေးကွာသွားမှ အခန်းရဲ့တံခါးက ဖြည်းညင်းစွာပွင့်လာပြီးနောက် ယန်ကျိ လည်း ဝှီးချဲပေါ်ထိုင်လျက် ဖြေးဖြေးချင်းလှမ့်ရင်း ထမင်းစားပွဲဆီရောက်လာခဲ့တယ်။သူ့ပန်းကန်ထဲက ကြက်ဥပူတင်းနဲ့ နွားနို့တစ်ခွက်ကိုမြင်တော့ ယန်ကျိ တုရှန်း ကိုကြည့်တာ

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now