26

2.7K 341 13
                                    

[Unicode]
Chapter-26 (ဖရဲသီးစားခြင်းနဲ့ ကိုယ်ဝန်စစ်တံ)
ဖရဲသီးစားခြင်း=ပွဲကြည့်ခြင်း

အရှုံးသမားကိုတော့ ထပ်အရှုးမပေးနိုင်ဘူး။
တုချိ ခေါင်းငုံ့ထားရာမှ ရူချွိ စကားကိုကြားတော့ မော့ကြည့်လာပြီး

"ငါဘယ်လိုလူစားလဲဆို မင်းမသိလို့လား"

တုချိ မလျော့တမ်းပြောလိုက်တယ်။ Star C က လူတိုင်း သူ့ကို အခုဆဲဆိုနေကြတယ်ဆိုပေမဲ့ ရူချွိ ရှေ့မှာတော့ သူ့ရဲ့ အားနည်းတဲ့ပုံစံကိုမပြချင်ဘူး။

ရူချွိ လက်သီးကို တင်းတင်းဆုပ်ကာ မနေ့ညက သူနဲ့လူးလှိမ့်ထားတဲ့ အိုမီဂါဖြစ်သူကိုကြည့်နေမိတယ်။တုချိ က မနေ့က အဝတ်အစားကိုပဲပြန်ဝတ်ထားပြီး အရာအားလုံးကိုလည်း အရွဲ့တိုက်နေတယ်။

"မင်းငါ့အိမ်ကနေအခုထွက်သွား"

ရူချွိ အေးစက်စက်ပြောလိုက်တယ်။သူဒီအိုမီဂါကို ထပ်မကြည့်ချင်တော့ဘူး။ အရမ်းစိတ်ပျက်ဖို့ကောင်းလွန်းတယ်။

တုချိ ထွက်သွားသင့်လား?... သေချာပေါက်သူထွက်သွားချင်တယ်။အရင်လိုသာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ဖင်ကိုဖုန်ခါကာ ထွက်သွားမှာဆိုပေမဲ့ ဒီနေ့က သူထွက်သွားလိုက်တာနဲ့ မစ္စဝမ် နဲ့ တုမင်း တို့ရဲ့ အတင်းအကျပ်အဖမ်းဆီးခံရတဲ့ အခြေအနေကို သူမရောက်ချင်ဘူး။

"ငါမသွားဘူး"

တုချိ ကတော့ ရူချွိ ဘာပြောပြောမသွားဘူးပုံစံနဲ့ ငြင်းလိုက်တယ်။

ရူချွိ လှောင်ပြုံးပြုံးကာ သူ နှင်ထုတ်လို့ မရနိုင်လောက်အောင် ဒီအိုမီဂါက မျက်နှာပြောင်တိုက်လွန်းနေတာကြောင့် ဘာပြန်ပြောရမလဲတောင်မသိတော့ဘူး။

"မင်းဘာသာမင်းထွက်သွားမလား။ ဒါမှမဟုတ် ငါကိုယ်တိုင်မင်းကိုဆွဲထုတ်ရမလား"

ရူချွိ တုချိ ရှေ့ကို တစ်လှမ်းချင်းလျှောက်သွားကာပြောတော့ တုချိ လည်း အနောက်ကိုတဖြည်းဖြည်းဆုတ်ရင်း မျက်နှာကဖြူဖျော့လာတယ်။သူ့ရဲ့ ခေါင်းထဲမှာ ဘာမှမရှိတော့သလို လည်နေချိန် ရူချွိ က သူ့လက်ကိုလှမ်းဆွဲလိုက်တယ်။
တုချိ လည်း အော်ဟစ်ကာ

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now