70

1.7K 159 9
                                    

[Unicode]
Chapter-70 (တောင်းပန်ခြင်း)

ရူချွိ  တုချိ ကို ဆေးခန်းပို့ဆောင်ပေးပြီးတာနဲ့ တုချိ တစ်ယောက်အရေးပေါ်အခန်းဆီခေါ်သွားခံလိုက်ရတယ်။ရူချွိ က အိုက်အိုက် ကို ပြုစုရန်အတွက် သူနာပြုစက်ရုပ်ကိုငှားထားလိုက်ပြီး သူကိုယ်တိုင်ကတော့ ခွဲစိတ်ခန်းပြင်ပရှေ့မှာ တုချိ ထွက်အလာကိုစောင့်ဆိုင်းလို့နေတယ်။

ရူချွိ ရဲ့ အတွေးတွေလုံးဝရှပ်ထွေးနေကာ သူ့စိတ်ထဲမှာလည်း တုချိ ရဲ့သွေးအပြည့်နဲ့ပုံစံသာ ပြည့်နှက်လို့နေကာ အချိန်အကြာကြီး သူ့ရင်ခုန်သံတွေကိုနှေးကွေးလို့သွားစေတယ်။ရူချွိ တစ်ယောက် သူသာအချိန်မှီမလာနိုင်ရင် တုချိ ဘာဖြစ်လို့သွားမယ်ဆိုတာ တွေးတောင်မတွေးကြည့်ရဲတော့ပေ။

ကျူးလွန်သူ ဝမ်ကျူ့ အကြောင်းတွေးမိရင် ရူချွိ မျက်လုံးတွေက အလွန်ကိုကြမ်းတမ်းလို့လာတယ်။သူတို့ ရူမိသားစု က မိသားစုအကြီးကြီးမဟုတ်ပေမဲ့ လေးစားခံမိသားစုတစ်စုသာဖြစ်တယ်။ဝမ်ကျူ့ က သူတို့ ရှောင်ချိ ကို ဒီလိုဆက်ဆံရဲသေးတယ်ပေါ့လေ။ထိုလူကျိန်းသေပေါက် တန်ကြေးပြန်ဆပ်ကိုပြန်ဆပ်စေရမယ်။

နှစ်နာရီကြာသော် တုချိ ကို အရေးပေါ်ခန်းထဲကနေပြန်ထုတ်လာတယ်။ရူချွိ ချက်ချင်း တုချိ အနားသွားလိုက်တယ်။ကုသခန်းလေးထဲက တုချိ ရဲ့  မျက်နှာကပြာနမ်းလို့နေကာ အတော်လေးကြည့်ရဆိုးလို့နေတယ်။ရူချွိ လည်း ကုသခန်းအပေါ်တင်ထားတဲ့ သူ့လက်ကို စိတ်ဖီစီးစွာချလိုက်ပြီး တချိန်တည်းမှာပဲ စက်ရုပ်တွေက တုချိ ကို ကုသဆောင်ဆီတွန်းပို့ပေးလာပြီးမှ တုချိ အခြေအနေအကြောင်း သူ့ကိုရှင်းပြလာတယ်။

အကြမ်းဖက်ခံထားရတာကြောင့် တုချိ ဗိုက်အောက်ပိုင်းက တချို့အစိတ်အပိုင်းတွေက စုတ်ပြဲပေါက်ပြဲဒဏ်ရာဖြစ်လာပြီး ကိုယ်တွင်းအင်္ဂါတွေသွေးထွက်သံယိုဖြစ်ပျက်သွားတာဖြစ်တယ်။ထပ်ပေါင်းပြောရမယ်ဆိုရင် ကလေးမွေးဖွားထားတာသိပ်မကြာသေးတဲ့အတွက် မွေးအင်္ဂါက ပြင်ပထိခိုက်မှုကြောင့် ထိခိုက်သွားတာဖြစ်တယ်။ကိုယ်တွင်းအင်္ဂါတွေမဆုံးရှုံးလိုက်ဘူးဆိုပေမဲ့လည်း
နှစ်အနည်းငယ်ကြာတဲ့အထိ နောက်ထက်ကလေးယူလို့မရနိုင်သေး။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now