47

860 113 0
                                    

[Unicode]
Chapter-47 (မှတ်ဥာဏ်ပျောက်ဆုံးခြင်း)

ကျိယောင်ပြိုင်ပွဲကွင်းရဲ့ တည်ဆောက်ပုံက စက်ဝိုင်း ပုံသဏ္ဌာန်ရှိပြီး ပြိုင်ပွဲဝင်တွေရဲ့အလည်မှာ များစွာသောစျေးဆိုင်လေးတွေရှိတယ်။အခန်းတစ်ခန်းဆီက ဖယ်ရိုမုန်းတွေပွင့်ထွက်လာကာ ထိုဖယ်ရိုမုန်းရဲ့လားရာကတော့ အိပ်ခန်းဆီကပဲဖြစ်တယ်။

"လောင်ကုန်း ကျွန်တော်ပင်ပန်းနေပြီ..."

ဘယ်လောက်ပဲတည်ငြိမ်နေတဲ့အိုမီဂါဖြစ်ပါစေ သူအယ်လ်ဖာကရှေ့မှာရှိနေရင်ကို ရေအိုင်ငယ်လေးက ရေလှိုင်းလေးတွေအလား ပျော့ခွေလာတယ်။တုရှန်း ကတော့ အရမ်းကိုပျော်ဝင်နေမိနေတာမို့ ထွက်ပြေးဖို့ အိပ်ယာအစွန်းဘက်ကိုတွားသွားဖို့လုပ်လိုက်ပေမဲ့ ယန်ကျိ က ခြေထောက်ကိုလှမ်းဆွဲလိုက်တယ်။

တုရှန်း မျက်ရည်တွေပါကျလာတယ်။ယန်ကျိ ကလုံးဝကိုသားရဲပဲ။မနက်ဖြန်ဆိုရင်ပဲ တုရှန်း ကပြိုင်ပွဲဝင်ရတော့မှာဆိုပေမဲ့  ယန်ကျိ က တစ်ကြိမ်တည်းနဲ့မလုံလောက်နိုင်တာကြောင့် တုရှန်း သွားကိုသာတင်းတင်းစေ့ကာကိုက်ထားရတယ်။

"ရှန်းရှန်း စိတ်မပူပါနဲ့ ကိုယ်ထက်မလုပ်တော့ဘူးနော်"

ယန်ကျိ တုရှန်း လက်မောင်းကိုလက်နှစ်ဖက်နဲ့ဆွဲပွေ့ကာ ချွေးစို့နေတဲ့အသားအရည်ချင်းထိစပ်လိုက်တယ်။ထို့နောက် ယန်ကျိ စောင်ကိုယူကာ ဗလာကျင်းနေတဲ့ခန္ဓာကိုယ်ကို အုပ်လိုက်တယ်။

တုရှန်း လည်း ယန်ကျိ ပုခုံးပေါ်ခေါင်းကိုမှီကာအနားယူရင်း နောက်ဆုံးမှာတော့ သူနည်းနည်းအားပြန်ရှိလာပြီဖြစ်တယ်။သူခေါင်းကိုမော့ကာ ယန်ကျိ ကိုမေးလိုက်တယ်။

"ဒေါက်တာ Ghostရောက်လာပြီဆိုတော့ ဒီနေ့သူ့ကိုသွားတွေ့မှာလား"

ယန်ကျိ ခေါင်းငြိမ့်ပြလိုက်ကာ

"ကိုယ်ခဏနေရင်သွားတွေ့လိုက်မယ်"

ဒါကိုကြားတော့ တုရှန်း လည်း သူ့ရဲ့ပျော့ခွေနေတဲ့ခြေထောက်ကိုဖယ်လိုက်တယ်။ယန်ကျိ နဲ့အတူအပြင်သွားလို့ရအောင်ပြင်ဆင်ပေးချင်ပေမဲ့ အခုတော့ သူ့ခါး ခြေထောက်တွေက ပျော့ခွေနေဆဲ။ ဒီမနက်သူနိုးလာချိန်မှာ ယန်ကျိ က အကြောင်းအရင်းမရှိဘဲ  ရုတ်တရက်ဆိုသလို သူ့ကို ဖိပြီးနိုပ်စက်နေခဲ့တာဖြစ်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now