30

2.5K 297 5
                                    

[Unicode]
Chapter-30 (ငါ့မိန်းမနားကဝေးဝေးနေကြစမ်း)

Star D ဟိုတယ်တွင် တုရှန်း တည်းနေပြီး အတွေးတွေများကာ အိပ်မပျော်နိုင်ဖြစ်နေတယ်။သူ့စိတ်ထဲမှာ ယန်ကျိ မသေသေးမှန်း ခံစားနေရပေမဲ့ ဒီလို အပျက်အစီးအများကြီးထဲမှာ
ယန်ကျိ အသက်ရှင်နေနိုင်ဖို့ကလည်း ဖြစ်နိုင်ပါ့မလား။ဒီခံစားချက်တွေက လွန်ဆွဲနေပြီး သူ့ရဲ့စိတ်ကို နာကျင်အောင်ဆုတ်ဖြဲနေကာ အခုလိုခံစားနေရတဲ့အခိုက်အတန့်မှာ ယန်ကျိ က သူ့ဘဝအတွက် ပိုပြီးအရေးပါလာသည့်သူတစ်ယောက်ဆိုတာ ပုံမှန်ထက် ပိုသိသာလာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ Star C ရဲ့မင်းသား ယန်ချူး ကတော့ ကြင်ယာတော် ကျားလင် ကို ပျော်ရွှင်စွာပွေ့ဖက်ထားတယ်။

"မင်းသိလား...ယန်ကျိ အဲ့လောက်အားနည်းတာ မင်းကော ယန်ကျိ ကို နတ်ဘုရားလို့ထင်သေးလား။သူက mecha သာမရှိရင် နေရောင်အောက်မှာဆိုရင်တောင် သေမဲ့လူစားပါ"
(လူမြင်ကွင်းထဲ နေ့ခင်းဘက်မှာတောင် လုပ်ကြံလို့ရတယ်)

ယန်ချူး တစ်ယောက် ကျားလင် ကို ပြောပြနေတယ်။

ကျားလင် က ကိုယ်ဝန်ရှိနေတာကြောင့် အရက်သောက်လို့မရပေမဲ့ သူဝိုင်ခွက်ကိုယူကာ ယန်ချူး သောက်ဖို့ငှဲ့ပေးလိုက်တယ်။ဒီညမှာတော့ ယန်ချူး အရမ်းပျော်နေတယ်။ယန်ကျိ ဆိုတဲ့ တောင်ကို ဖြိုလှဲပြီးပြီဆိုတော့ Star C က အနာဂတ်မှာ သူ့ကမ္ဘာဖြစ်လာတော့မှာ။

"မင်းသား ကျွန်တော်တို့နောက်တစ်ဆင့်က ဘာဆက်လုပ်ကြမှာလဲ"

ကျားလင် အနေနဲ့ အနာဂတ်အစီအစဉ်ကို မေးလိုက်တယ်။ ယန်ချူး ကို အခုလိုအနိုင်ပွဲလေးထဲမှာ ပျော်ရွှင်မနေစေချင်ဘူး။ယန်ကျိ မရှိတော့ပေမဲ့ သူ့ရဲ့အာဏာက အခုထိရှိနေသေးတယ်။

ယန်ချူး ထိုင်ခုံပေါ်က ကျားလင် လက်ကို ဆုပ်ကိုင်လိုက်ကာ ယုံကြည်ချက်အပြည့်တဲ့ရှိနေတဲ့ အကြည့်တွေဖြင့်ကြည့်ကာ

"မင်းဘာကိုစိတ်ပူလဲဆိုတာ ကိုယ်သိတယ်။ချက်ကောင်းကိုအမိဖမ်းနိုင်တာနဲ့ စစ်တပ်အာဏာက မကြာခင်မှာပဲ ကိုယ့်အပိုင်ဖြစ်လာလိမ့်မယ်"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now