55

783 105 0
                                    

[Unicode]
Chapter-55 (ပျက်ဆီးခြင်း)

တိုက်ပွဲရက်အနည်းငယ်ကြာသွားချိန်မှာတော့ ယန်ကျိ ဘက်က တပ်သားတွေက ခြေကုန်လက်ပန်းကျနေပြီဖြစ်တယ်။သူတို့ရဲ့နေ့ညတိုင်းက ပိုတိုးတိုးလာတဲ့လော်ဂါတပ်သားတွေကိုပဲ နှိမ်နင်းရင်းကုန်ဆုံးနေရတယ်။

"မင်းသား လော်ဂါတွေဘက်က အကောင်အရေအတွက်ပိုပိုများလာတယ်။ကျွန်တော်တို့ဘက်က နည်းနည်းသတ်လိုက်နိုင်လည်း ထပ်ထပ်တိုးနေတာ။ ဒီတိုက်ပွဲ အနေအထားအတိုင်းဆိုရင်ကျွန်တော်တို့ရဲဘော်တွေ ဒီထက်ပိုပြီး တောင့်ခံနိုင်တော့မှာမဟုတ်ဘူး။မင်းသား သူငယ်ချင်းဘက်ကိုအကူအညီ တောင်းရင်ကော"

ပေါလ် က အကြံပေးတယ်

ယန်ကျိ မျက်မှောင်ကြုတ်ကာ

"စောင့်ဦး"

စောင့်ရဦးမယ်...ယန်ကျိ ဘာကိုစောင့်နေလဲဆိုဆာ ပေါလ် တကယ်မသိတော့။အာကာသထဲမှာ လော်ဂါ တွေသောင်းကြမ်းနေတာ တစ်ရက်နှစ်ရက်မကတော့ဘူး။ တိုက်ပွဲစတည်းက လော်ဂါတွေက ဂြိုလ်တွေကို လိုက်နှောက်ယှက်လာတာ.... သူတို့အဓိကတားဂတ်ထားနေတာ သူတို့ရဲ့Star C ကိုပဲ။

Star C ဆိုတာ ဂြိုလ်ထဲမှာအားအကောင်းဆုံးပဲ။လော်ဂါတွေက Star C ကို အရယူဖို့ နေရာတိုင်းကို လူစုခွဲချထားပြီး အလွန်အကျွံကို ဖျက်ဆီးနေမှသာ ဒီပွဲမှာမရှုံးပဲ အနိုင်ရနိုင်တာကြောင့်ပဲဖြစ်တယ်။

တိုက်ပွဲ နာရီနှစ်ဆယ်ရှိချိန် ယန်ကျိ ဘာရီ ဆီကနေ စာတစ်စောင်ရလာတယ်။

"မင်းသား အချက်အလက်တွေအရဆို လော်ဂါအကောင်အရေအတွက် စပြီးလျော့ကျလာပြီ။တွက်ချက်ချက်အရဆို အနိမ့်ဆုံးအထိလျော့ကျဖို့က မနက်ဖြန်မနက်ကိုးနာရီပဲ"

ဘာရီ သတင်းကိုဖတ်ပြီး ယန်ကျိ မျက်လွှာပင့်လာကာ

"သိပြီ" လို့စာပြန်လိုက်ပြီး ဘာရီ နဲ့အချိန်တိုတွင်းဆက်သွယ်ထားတာကို ဖျက်လိုက်တယ်။

"မြေခွေးအတွက် မစ်ရှင်..အသိုက်အုံကို မနက်ဖြန်ကိုးနာရီ ပစ်ခတ်မယ်"

ထိုစာကို တခြားနေရာတွေဆီဖြန့်လိုက်ဖို့ ယန်ကျိတစ်ယောက် ရှောင်‌ဟေး ဆီစာပို့လိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now