[Unicode]
Chapter-53 (အကာအကွယ်)တုန်ဖန့်ရှောင် လောင်ထန်း ရဲ့စာကိုဖတ်ပြီး မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေပြည့်နှက်နေတယ်။သူ့မှာသာရှာဖို့အချိန်ရှိမယ်ဆိုရင် သူရှာနိုင်မှာဆိုပေမဲ့ အခုသူ့မှာ တခြားအရေးကြီးတာတွေလုပ်ဖို့ရှိနေသေးတယ်။
ခြောက်ထောင့်တြိဂံရဲ့ အမှာစကားကို သူသတိရနေသေးတယ်။ ဂေါင်စန်းလင်း ရဲ့သားဖြစ်သူကသာ Star King ဖြစ်လာနိုင်မယ်...သူ့တာဝန်က ခြောက်ထောင့်တြိဂံရဲ့စေခိုင်းတဲ့အတိုင်း ထမ်းဆောင်ဖို့ပဲ။
ကိစ္စတွေပြီးမှ လောင်ထန်း နဲ့စာရင်းရှင်းတော့မယ်။
တုန်ဖန့်ရှောင် တာမီနယ်ကိုဖွင့်လိုက်ပြီး တစ်ယောက်ယောက်ကို လှမ်းပြောလိုက်တယ်။
"ဂျက်စီကာ ကိုယ်ယောင်ဖြောက်သင်္ဘော အဖွဲ့သားအကုန်စုလိုက်"
ရေပူဖောင်းရေကူးကန်ထဲမှာ ရေစိမ်နေတဲ့ ဂျက်စီကာ တစ်ယောက် ထိုစကားကိုကြားတော့ စိတ်လှုပ်ရှားလာတယ်။
"ကောင်းပါပြီ ခေါင်းဆောင်"
သူမ ရေကန်ထဲက မြန်မြန်ကျော်ထွက်လိုက်တယ်။သူမသွေးတွေ ဆူပွက်နေပြီဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပဲထုပ်ပိုးလိုက်ပြီး ထွက်ခွာဖို့ပြင်တော့တယ်။
အဲ့ဒီအချိန် လော်ဂါ အခြေစိုက်အဖွဲ့ချုပ်ဆီ ထူးဆန်းတဲ့ဧည့်သည်တစ်ယောက်ရောက်လာတယ်။
"ကြီးမြတ်တဲ့ဧည့်သည်ကို ကြိုဆိုပါတယ်"
လော်ဂါတပ်သား တွေ တန်းစီကာနူတ်ဆက်လာကြတယ်။
ထိုထူးဆန်းတဲ့ယောကျာ်းက မျက်နာဖုံးတပ်ထားပြီး အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး ပုံစံကအတော်လေးကို နက်မှောင်နေတယ်။
"လောင်းယန် "
ထိုထူးဆန်းတဲ့လူကခေါ်လိုက်တယ်။
"ငါတို့သဘောတူထားတဲ့ ကိစ္စကိုမှတ်မိနေဦးမယ်လို့ မျှော်လင့်တယ်"
ဘိစ့် က ပြောလာတာကြောင့် ထိုထူးဆန်းတဲ့လူက လှောင်ပြုံးပြုံးကာ
"သေချာတာပေါ့။ မင်းငါလိုချင်တာကိုကူညီပေးနေသရွေ့ ငါကလည်း မင်းပြဿနာတိုင်းကိုကူညီပေးမယ်။Star C မှာ အသုံးမကျတဲ့လူတွေ ဒီလောက်ရှိနေတာ ဒီထက်ပိုပြီးများလာရုံပဲရှိတယ်။ အချိန်ပိုကြာမလာခင် မြန်မြန်ရှင်းပစ်တာကောင်းမယ်"
YOU ARE READING
အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)
Fantasyဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ်... #MyanmarTranslation #One_One #ABO World