25

3K 345 9
                                    

[Unicode]
Chpater-25 (စိတ်သောကရောက်နေတဲ့ တုချိ)

နောက်တစ်ရက် တုရှန်း အိပ်ပျော်နေတုန်း ဘေးကနေလှုပ်ရွနေတဲ့သူကြောင့် လန့်နိုးလာတယ်။တုရှန်း တစ်ဖက်ကိုလှည့်ကာ စောင်ကိုခေါင်းပေါ်အုပ်ခြုံလိုက်ပေမဲ့ သူ့ဘေးက တရွရွလှုပ်ရှားမှုက ပြန်အိပ်ပျော်ဖို့အတွက် အနှောက်အယှက်ဖြစ်နေတာကြောင့် စောင်ကိုပြန်ဆွဲချကာ လှည့်လာပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ယန်ကျိ ကိုမြင်လိုက်ရတယ်။

"အရှင့်သား ဘာလို့မအိပ်သေးတာလဲ အခုက အိပ်ယာထရမဲ့အချိန်မရောက်သေးဘူးမလား"

တုရှန်း အိပ်ချင်မူးတူးနဲ့ အထွန့်တက်လာတယ်။သူ့ဘာသာအေးဆေးအိပ်ပျော်နေပေမဲ့ ဆူညံမှုကြောင့်လန့်နိုးလာတာကြောင့် သူအခုစိတ်သိပ်ကြည်မနေဘူး။

ယန်ကျိ လည်း သူ့မှာပြောစရာရှိနေပေမဲ့ ခဏရပ်လိုက်ပြီး ခေါင်းငုံ့ကာ တုရှန်း နှုတ်ခမ်းလေးကိုဖွဖွလေးထိကာနမ်းလိုက်တယ်။ကျင့်သားရနေပြီဆိုပေမဲ့လည်း ယန်ကျိ  အနမ်းကြောင့် ဒီတစ်ခါတော့ တုရှန်း လုံးဝအပြည့်အဝနိုးသွားတယ်။

"မင်း ကိုယ့်ကိုဘာလို့မပြောပြတာလဲ"

ယန်ကျိ မရယ်မပြုံးနဲ့ပြောလာတယ်။

တုရှန်း ဘာကိုဆိုလိုမှန်းမသိတာနဲ့

"ကျွန်တော်က ဘာကိုမပြောပြလို့လဲ"

ယန်ကျိ တာမီနယ်ကိုဖွင့်လိုက်တော့ တုရှန်း လည်း ယန်ကျိ ခေါင်းအုံးနားကိုတိုးလာကာ မှီလိုက်တယ်။ယန်ကျိ တစ်ဖက်ကိုရွေ့ဖို့ စဉ်းစားနေတုန်းမှာပဲ တုရှန်း ရဲ့ပခုံးကသူကိုလာထိချိန်မှာတော့  ရွေ့ဖို့အကြံကိုပယ်ဖျက်လိုက်တော့တယ်။

ရှင်း.com ရဲ့ခေါင်းစီးမှာ "ရှင်းတျန်း ဝန်ထမ်းခိုးယူထားတဲ့ ဖော်မြူလာကို လက်ဝယ်ယူထားတဲ့ တုချိ" ဆိုပြီးဖော်ပြထားတာကို တုရှန်း တွေ့လိုက်ရတယ်။ဆောင်းပါးမှာ သက်သေကိုပါပြထားရုံမကဘဲ ဝန်ထမ်းဖြစ်သူရဲ့ ကိုယ်ရေးရာဇဝင်လည်း ပါသေးတယ်။

သက်သေနဲ့ တရားခံပါ အတူတကွရှိနေမှတော့ တုချိ တစ်ယောက် ရှောင်ပြေးဖို့မဖြစ်နိုင်လောက်ဘူးမလား။ဘယ်သူကများ အဲ့လောက် လုပ်နိုင်စွမ်းရှိတာလဲ။Star C မှာ နောက်ခံကောင်းကောင်းရှိမနေရင် ဒီလိုလုပ်ရက်မျိုးကို လုပ်နိုင်မှာမဟုတ်ဘူး။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now