32

2.4K 268 6
                                    

[Unicode]
Chapter-32 (ဗိုက်ထဲကနာလာခြင်း)

ဂျက်စီကာ က တုရှန်း အတွက် ဒေါက်မြင့်ဖိနပ်ပါပြင်ပေးထားတာကြောင့် လမ်းလျှောက်ရတာ အဆင်မပြေဖြစ်နေတယ်။

"မင်းဘယ်သွားမလို့လဲ"

တုရှန်း မေးရင်း လိပ်တစ်ကောင်လို ဖြည်းဖြည်းလျှောက်နေရသည့်အပြင် စကပ်ကလည်းရှည်လွန်းတာတင်မကဘဲ ဖိနပ်ကပါ မြင့်လွန်းနေတာကြောင့် ချော်လဲကျသွားမှာကိုတောင် စိုးရိမ်နေမိတယ်။

ဂျက်စီကာ တာမီနယ်ကိုထုတ်လိုက်ချိန်  ဒီကနေအရမ်းမဝေးဘဲ ယာဉ်ပျံလည်းမလိုအပ်တဲ့ တည်နေရာတစ်ခုကိုပြလာတယ်။ သူတို့ယာဉ်ပျံကလည်း စောင့်ကြည့်ခံထားရတာဖြစ်နိုင်တာကြောင့် ယာဉ်ပျံမလိုတဲ့ လမ်းကိုသာရွေးလိုက်တယ်။

"သွားမလို့လား"

တုရှန်း မကျေမနပ်ငြီးတွားကာမေးလာတယ်။

ဂျက်စီကာ က သူမရဲ့လက်မောင်းကို တုရှန်း ပေါ်တင်ကာ

"မင်း အဖမ်းခံချင်ရင် နေခဲ့လေ"

နှစ်ယောက်သားပြောဆိုပြီးတာနဲ့  လမ်းကြိုလမ်းကြားကနေဖြတ်ကာ တခြားတိတ်ဆိတ်တဲ့လမ်းထဲကို လမ်းလျှောက်သွားကြတယ်။ဂျက်စီကာ က တစ်နေရာရောက်တော့ ရပ်လိုက်ပြီး ကျောက်တုံးကိုကောက်ကာ အိမ်အပေါ်ထပ်ကိုပစ်လိုက်တယ်။

အဲ့အချိန် လူတစ်ယောက်ခေါင်းပြူထွက်ကာကြည့်လာတယ်။ ထိုလူကို တုရှန်း မြင်နေရပေမဲ့ သေသေချာချာပြတ်ပြတ်သားသားတော့ မမြင်ရဘူး ဖြစ်နေတယ်။ Star D က မြို့သူမြို့သားအားလုံးနီးပါးက ချောကလတ်ရောင်အသားအရည်ရှိတာကလွဲရင် Star C က လူများနဲ့ သိပ်ကွဲပြားနေတာမျိုးမရှိ။

"သွားမယ်"

တံခါးပေါက်ကိုကြည့်ပြီး နှစ်ယောက်သားအထဲကို ဝင်သွားလိုက်ကာ ဓာတ်လှေကားနဲ့ ပထမအထပ်ကိုတက်လာကြတယ်။ဓာတ်လှေကားပွင့်သွားတော့ ဓာတ်လှေကားအပြင်မှာ သူတို့ကိုစောင့်နေတဲ့ Star D က လူကိုတွေ့လိုက်ရတယ်။

"မတွေ့ရတာကြာပြီနော် ဂျက်စီကာ"

Star D က လူက ပြုံးကာ ဂျက်စီကာ ကို ဖက်လိုက်တယ်။တုရှန်း ထိုလူကိုကြည့်ကာ အကဲခတ်နေတယ်။ သူက ဘီတာတစ်ယောက်ဖြစ်ပြီး ခေါင်းကလည်း ထိပ်ပြောင်ပြောင်နဲ့ဖြစ်တယ်။အဝတ်အစားတွေက Star D ရဲ့ ရိုးရာဝတ်စုံတွေနဲ့ဖြစ်ကာ အရောင်တွေကအရမ်းကိုတောက်ပနေတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now