35

2.2K 282 5
                                    

[Unicode]
Chapter-35  (မင်းကိုအသက်ရှင်လျက် ရှိစေချင်သေးလို့)

ကျိယောင်ပြိုင်ပွဲကျင်းပဖို့ တစ်လပဲလိုတော့တဲ့အချိန်မှာ ယန်ကျိ ကိုလည်း ပြန်ရှာတွေ့ပြီဖြစ်တာကြောင့် တုရှန်း Star C ကို ပြန်ဖို့ပြင်ဆင်ရတော့မယ်။ ဒါပေမဲ့ ယန်ကျိ ဘာတွေကိုစီစဉ်နေလဲမသိသေးတာဖြစ်လို့ သူ့အနေနဲ့ လက်ရှိမှာ Star Dမှာပဲ ဆက်နေဖြစ်နေတုန်းပင်။

ဒီခံစားချက်က တုရှန်း ကို ရှက်စေတယ်။ယန်ကျိ ကို အဲ့ဒီအကြောင်းဘယ်လိုပြောပြရမလဲမသိဖြစ်နေတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် သူ ယန်ကျိ ကို မခွဲချင်သေးဘူးလို့ ခံစားနေရပြီး ဒီခံစားချက်က အချစ်နဲ့တွေ့ရင် ခွဲထွက်လို့မရသလိုပေါ့။

"ဘာတွေတွေးနေတာလဲ"

ယန်ကျိ တံခါးဆွဲဖွင့်ပြီးဝင်လာချိန် တုရှန်း တစ်ယောက် အပြင်ဘက်ကိုငေးကြည့်နေတာကို မြင်လိုက်ရတယ်။နေ့ဘက်ဆိုရင်တောင် အပြင်ဘက်က ပြတင်းပေါက်က အမြဲမှောင်မိုက်နေတာကြောင့် ဘာမှမမြင်ရပေ။

တုရှန်း ပြန်လှည့်ကြည့်ရင်းပြောလိုက်တယ်။

"ကျွန်တော်တို့ဘယ်တော့လောက်ပြန်ကြမှာလဲ"

ယန်ကျိ ထိုစကားကိုကြားတော့ အပြင်ဘက်က မြင်ကွင်းကိုကြည့်ရင်းတွေးလိုက်တယ်။ star C က နေ့နဲ့ညနဲ့နေသားကျနေပြီးသားဖြစ်တဲ့ သူတို့အတွက် Star D က တကယ့်ကိုနေရာကောင်းဟုတ်မနေပေ။

"အိမ်ကိုလွမ်းလို့လား"

ယန်ကျိ မေးတော့ တုရှန်း ခေါင်းမငြိမ့်ပြပေ။အခုလက်ရှိမှာ ယန်ကျိ က သူ့မိသားစုဝင်တစ်ဦးဖြစ်ပြီး Star C မှာတုန်းကဆိုရင် သူ့မိဘတွေကိုတွေ့ဖို့ပင် ခဏခဏမပြန်ဖြစ်တာကြောင့် အိမ်ကိုလွမ်းတာမျိုးမရှိပေ။

"ကျွန်တော်...ကျိယောင်ပွဲက မကြာခင်ကျင်းပတော့မှာ အဲ့ပြိုင်ပွဲက ကျွန်တော့်အတွက်အရမ်းအရေးကြီးတယ်"

တုရှန်း အမှန်တိုင်းပြောပြလိုက်တယ်။

ယန်ကျိ အကူကိရိယာကိုတပ်ဆင်ထားပြီး တုရှန်း ရှေ့မှာမတ်တပ်ရပ်ကာ လက်ကိုမြှောက်ပြီး တုရှန်း ကို သူ့လက်မောင်းထဲမှာပွေ့ဖက်ထားလိုက်ရင်း ပြန်ပြောတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now