44

1.3K 164 3
                                    

[Unicode]
Chapter-44 ( ဂိမ်းအခန်း)

လူလုပ်မြို့ တစ်မြို့ဖြစ်‌သော Penglai  မြို့က သဘာဝတရားအလှအပတွေနှင့် ပြည့်နှက်နေသော မြို့သစ်လေးတစ်ခုဖြစ်တယ်။ရှေးဟောင်းစာအုပ်တွေထဲမှာဆို Penglai မြို့ဆိုတာ အကျော်ဇေယ ယင်းကျုံး နဲ့ အာ့ဘော့ တောင်ကြီးနှစ်တောင်ရှိတယ်လို့ ဆိုလေတယ်။မြို့သစ်သုံးမြို့ တည်ပြီးနောက်မှာ ကျန်ရှိတဲ့ထိုတောင်နှစ်ခုရဲ့ ဆောက်လုပ်ရေးမစတင်ခင်မှာပဲ နာမည်တွေကိုပယ်ဖျက်လိုက်ကာ စာရင်းအသစ်ပြန်သွင်းလိုက်တယ်။

ဒီမြို့က ပင်လယ်ပေါ်မှာတည်ရှိနေတဲ့မြို့လေးဖြစ်ပြီး
နာမည်ကြီးအထင်ကရနေရာရဲ့  ကျော်ကြားမှုနှင့်အညီ ဒီဇိုင်းသမားတွေကလည်း အနီးအနားမြို့တွေမှာပါ တိမ်အတုစက်ကိရိယာတွေတပ်ဆင်ထားတာကြောင့် ခပ်လှမ်းလှမ်း တစ်နေရာကနေ မြူစိုင်းနေတဲ့တိမ်တွေကို တုရှန်း မြင်လိုက်ရတယ်။မြို့ရဲ့နေရာအများစုက စိမ်းစိုနေကာ Star C က မြို့နေအဆောက်အဦးတွေနဲ့နည်းနည်းလေးမှမတူပေ။အဓိကမြို့တော်ကြီးမှာ အထပ်မြင့်အဆောက်အဦးတွေကြီးပဲဆိုပေမဲ့ ရှေးကျတဲ့အဆောက်အဦးပုံစံသာဖြစ်တယ်။

တုရှန်း ထိုအဆောက်အဦးတွေကိုကြည့်ရင်း ခေတ်သစ်အဆောက်အဦးတွေနဲ့ မတူတဲ့အပြင် ပြန်ပြီးပြုပြင်ထားသလိုလည်း မခံစားရတာကြောင့် အပေါင်ဆိုင်ကိုတောင် သတိရမိသွားတယ်။အဲ့နေရာရဲ့ အတွင်းအပြင်အဆောက်အဦးတွေရှိ အုပ်ချပ်တွေကအစ ရှေးကျလှပတဲ့ခံစားချက်ကိုရစေတယ်။

"ဘာတွေအဲ့လောက်ကြည့်နေတာလဲ"

ဝှီးချဲတွန်းကာ ယန်ကျိ ရောက်လာတယ်။

တုရှန်း ယန်ကျိ ကိုကြည့်ကာ

"မြို့ကိုကြည့်ကြည့်''

ယန်ကျိ တစ်ဖက်ကိုကြည့်လိုက်ပေမဲ့ ထိုနေရာကအသစ်လို့လည်း မထင်ရပေ။သူတို့မကြာခင်မှာပဲ ကျိယောင်ပြိုင်ပွဲရှိရာ နယ်နိမိတ်ဆီရောက်ရှိလာကြတယ်။ထိုနေရာက Penglai မြို့အလယ်မှာရှိပြီး အပြင်အဆင်တွေကအစ စိတ်ကိုလှုပ်ဆော်နိုင်တယ်။ဒီပွဲရဲ့ စပွန်ဆာကိုကြည့်ချင်းဖြင့် ကျိယောင်ပြိုင်ပွဲကဘယ်လောက် ငွေကြေးတတ်နိုင်သလဲဆိုတာသိနိုင်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now