7

3.8K 562 11
                                    

[Zawgyi]
Chapter-7(အရှက်ရခြင်း)

နောက်တစ်ရက်ရောက်တော့ တုရှန်း နိုးလာပြီး မျက်လုံးဖွင့်လိုက်ချိန် သူ့မိဘတွေက သူတို့ကို စိတ်ရှုပ်ထွေးနေတဲ့အမူအရာတွေနဲ့ အိပ်ခန်းအပြင်ဘက်တံခါးကနေ ရပ်ကြည့်နေတာကိုတွေ့လိုက်ရတာကြောင့် တုရှန်း လန့်သွားပြီး ချက်ချင်းကောက်ခနဲထလိုက်တယ်။ ဒါပေမဲ့ ထမရတာကြောင့် သူ့လက်တွေကို ပြန်ကြည့်မိတော့ လက်နှစ်ဖက်စလုံးရဲ့ လက်ကောက်ဝတ်မှာ ခါးပတ်ဖြင့်အချည်ခံထားရသည့်အပြင် ကုတင်တိုင်နှင့်ပါ ပူးကပ်ချည်ထားတာကို တွေ့လိုက်ရတယ်။

"ပါး မား နေကောင်းရဲ့လား...."

တုရှန်း လည်း ရှက်ရှက်နဲ့ပဲ နှုတ်ဆက်လိုက်ရတော့တယ်။

သူ့အဖေ တုမိ ကတော့ ခေါင်းကိုအတွင်တွင်ခါကာ တံခါးရှေ့ကနေထွက်သွားပေမဲ့ သူ့အမေ စိချွင်း ကတော့ သူ့ဆီကို လျှောက်လာပြီး အချည်ခံထားရသည့် လက်တွေကိုဖြည်ပေးနေတယ်။(စိချွင်း က ယောက်ျားလေး omega ပါ)

"ရှောင်ရှန်း သားအချစ်ကြီးတာ မားသိပါတယ်။
ဒါပေမဲ့အရမ်းကြီးတော့ ချစ်လို့မရဘူးလေ။ ထိန်းချုပ်သင့်ရင် ထိန်းချုပ်ရမှာပေါ့။ ပြီးတော့ ဒီလိုဆော့တာတွေလျှော့ဦး"

စိချွင်း လည်းဆုံးမစကား ပြောနေပေမဲ့  ရှက်နေတာကြောင့် မျက်နှာလေး ရဲနေတယ်။

သူနဲ့ တုမိ တို့က ပုံမှန်အတိုင်းလာလည်တာပေမဲ့ ယန်ကျိ နဲ့ တုရှန်း တို့ရဲ့ ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ။ ဒါကြောင့်လည်း ယန်ကျိ နဲ့ တုရှန်း က သူတို့ကို အပြင်မှာပဲ စောင့်စေချင်တာဖြစ်လောက်မယ်။

ပြီးတော့လည်း ဒီမနက်မှာလည်း ယန်ကျိက သူ့ကိုတွေ့တော့ ယဉ်ယဉ်ကျေးကျေးပဲနူတ်ဆက်လာတာကြောင့် သူလည်းပြန်နှုတ်ဆက်ပြီးနောက် တုရှန်း အကြောင်းမေးတော့ ယန်ကျိ ရဲ့ အမူအရာက တစ်ခုခုကိုရှင်းပြခက်နေသလိုမျိုးဖြစ်နေပြီး

"သူကအတော်လေး စိတ်အားထက်သန်နေတာ "

တစ်ခွန်းတည်းသာပြောပြီး အခန်းတံခါးကိုသာညွှန်ပြခဲ့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now