60

1.4K 148 5
                                    

[Unicode]
Chapter-60 (ကံတရား)

တုရှန်း ကျန်းမာရေးဆေးစစ်ချက်အတွက် ကြိုတင်ဘိုကင်တင်ထားပြီး ယန်ကျိ က ချက်ချင်းပဲသွားဖို့‌မေးလာတယ်။ဒီတစ်ခေါက် ဆေးစစ်ချက်က သူတို့အတွက် ကောင်းသောရလဒ်ထွက်ဖို့ကို မျှော်လင့်ခဲ့တယ်။ပြီးခဲ့တစ်ခေါက်ကတော့ သူ လုလီ ဆီမှာစစ်ဆေးခဲ့တုန်းက လုလီ က တုရှန်း ရဲ့မျိုးပွားအင်္ဂါက အမှတ်အသားပေးပြီးတဲ့နောက်မှာ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ပြောခဲ့ဖူးတယ်။သူတို့ပြီးပြည့်စုံတဲ့အမှတ်အသားလုပ်ပြီးတည်းက အကြိမ်ရေဘယ်လောက်ရှိသွားပြီလဲဆိုတာ တုရှန်း မသိတော့။  သူ့ရဲ့မြုံနေတဲ့ရောဂါကြီးကော ပျောက်သွားပြီလားဆိုတာလည်း သူမသိပေ။

တစ်ခေါက်မှာလည်း သူတို့ လုလီ ဆီကို သွားဖို့စီစဥ်ပြီး မသွားခင်မှာ တုရှန်း တိတ်တိတ်လေးကိုယ်ဝန်စစ်တံကိုဝယ်ထားခဲ့တယ်။ယန်ကျိ လည်း သိနေခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ယန်ကျိ တစ်ယောက်ပူပန်နေကာ အိမ်မှာဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက် လုပ်နေခဲ့တယ်။

တုရှန်း ရေချိုးခန်းထဲကထွက်လာတော့ ယန်ကျိချက်ချင်းလျှောက်လာပြီး

"ဘယ်လိုနေလဲ"

တုရှန်း ခေါင်းခါပြလိုက်တယ်။သူ ကိုယ်ဝန်စစ်တံသုံးချောင်းအထိစစ်ဆေးခဲ့ပေမဲ့ တစ်ချောင်းမှမရပေ။သူပြောနိုင်တာတစ်ခုက သူ့ရဲ့ကလေးရနိုင်မယ်လို့ထင်ခဲ့တဲ့အတွေးက ထပ်ပြီးကျရှုံးခဲ့ပုံပဲ။

ယန်ကျိ ကတော့ တုရှန်း လက်ကိုဆွဲကာ

"ဒီလိုကိစ္စမျိုးက ဖြည်းဖြည်းချင်းစီဖြစ်လာတတ်တာပဲမလား"

တုရှန်း လည်း ယန်ကျိ တစ်ယောက်စိတ်ပျက်မသွားဘဲ ဖြည်းဖြည်းချင်းစီဖြစ်လာမှာပဲလို့ တွေးနေပုံကို ငေးကြည့်နေမိတယ်။သေချာတာပေါ့ ယန်ကျိ က ရှုံးစရာလား။သူဘယ်လောက်ထိ နောက်ကျောတွေထက် နာလိမ့်ဦးမလဲမသိပေမဲ့လည်း သူပျော်နေမိဆဲ။

"ဒါဆို သွားကြစို့ ဒေါက်တာလု ဘာပြောမလဲ သွားတွေ့ရအောင်"

ယန်ကျိ ပြောလာတော့  တုရှန်း ခေါင်းငြိမ့်လိုက်ပြီး နှစ်ယောက်သား ယာဥ်ပျံနဲ့ထွက်လာခဲ့တယ်။သူတို့ဆေးရုံဆီရောက်တော့ ဆေးရုံတစ်ခုလုံးက လူရှင်းလို့နေတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်ကထက် စက်ရုပ်တွေပိုများလာကိုမြင်လိုက်ရပြီး လူအများစုက ဆရာဝန်နဲ့ပိတ်ရက်မျိုးမှာ ပိုပြီးတွေ့တတ်ကြမလား။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now