56

830 112 0
                                    

[Unicode]
Chapter-56 (အမျိုးသမီးအဝတ်အစား)

လော်ဂါတွေကိုအမြစ်ဖြတ်ပြီးတဲ့သတင်းက Star C ကပြည်သူတွေကိုအားတက်စေပြီး သူတို့တွေရဲ့သူရဲကောင်းတွေပြန်အလာကို စောင့်ဆိုင်းနေကြတယ်။အဲ့အချိန်မှာ ယန်ကျိ က အာကာသယာဥ်ပေါ်မှာ သူ့တပ်သားတွေနဲ့ အစည်းအဝေးလုပ်နေခဲ့တာဖြစ်တယ်။

"ယန်ကျိ ဆိုတဲ့ နာမည်ကိုတော့ကြားဖူးပြီး လေးစားနေခဲ့တာ အတော်ကြာပြီ"

တုန်ဖန့်ရှောင် ရှေ့ကိုလျှောက်လာရင်း ပြောလာတယ်။

"ခဗျားက"

ယန်ကျိ အသံအနေအထားကိုနားထောင်ပြီး လော်ဂါတွေကို ကူတိုက်ပေးခဲ့တဲ့ သူ့ကို မသိဘူးမှန်း တုန်ဖန့်ရှောင် သိလိုက်တယ်။

"ဂေါင်စန်းချာ မင်းကိုမပြောဘူးလား"

"မပြောဘူး"

သူ့အန်ကယ်က သူနဲ့စစ်ပွဲအခြေအနေကိုပဲဆွေးနွေးတာ။သူထင်တာ ဒါက သူ့အန်ကယ်ရဲ့ ပင်လယ်ဓားပြမိတ်ဆွေတစ်ဦးဦးပဲလို့။မထင်ထားပဲ ကိုယ်ယောင်ဖြောက်ပင်လယ်ဓားပြတွေဖြစ်နေတယ်။သူသာ အစောထဲကသိခဲ့မယ်ဆိုရင် သူတုန့်ဆိုင်းနေမိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က...ချိတ်ဆက်လို့မရတဲ့လူတွေလေ။

"အန်ကယ်က  ခဗျားကိုငှားထားတာလား"

ယန်ကျိ ဖြစ်နိုင်ချေဆိုလို့ အဲ့တစ်ခုသာတွေးမိတယ်။

တုန်ဖန့်ရှောင် ထူးထူးခြားခြားပြုံးလာကာ ထိုင်ခုံနားကိုလျှောက်လာကာ ဝင်ထိုင်လိုက်တယ်။တခြားသူတွေလို ယန်ကျိ ကို အလေးပြုလေးစားမှုပြတာမျိုးမရှိ။

"ကိုယ်ယောင်ဖြောက်သင်္ဘောရဲ့ ပထမဆုံးခေါင်းဆောင်က မင်းအမေ ဂေါင်စန်းလင်း ဆိုတာ မင်းမသိဘူးနဲ့တူတယ်"

တုန်ဖန့်ရှောင် စကားတွေကိုကြားတော့ ယန်ကျိ အံ့အားသင့်သွားတယ်။သူ့သိထားတဲ့သူ့အမေက အားနည်းတဲ့အိုမီဂါဖြစ်ပြီး စင်္ကြဝဠာထဲက နံပါတ်တစ်ပင်လယ်ဓားပြနဲ့  ချိတ်ဆက်လို့ကိုမရနိုင်။

"အဲ့လိုမှမဟုတ်ရင် ဒီအာကာသထဲမှာ ဘယ်သူကငါ့ကိုငှားနိုင်မဲ့အစွမ်းအစရှိမှာလဲ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now