1.6K 224 6
                                    

Unicode

သူမ နိုးလာသည့်အချိန်က မနက်ခင်းအစောပိုင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုလူက အချိန်အတော်ကြာသည်အထိ ရေချိုးနေခဲ့သည်။

ကျန်းမြောင်မြောင်က သူ့ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး ဧည့်ခန်းထဲသို့ သွားကာ မနက်စာလုပ်စားရန် ရှာဖွေလိုက်သည်။ သူက ကြီးမားသည့် ပုဝါတစ်ထည်ကို ခန္ဓာကိုယ်၌ ပတ်ထားခဲ့သည်။ နူးညံ့သည့်အဖြူရောင်ပုဝါက သူ၏ ပိန်ပါးကျစ်လျစ်ကာ သန်မာသည့် ခါးတစ်ဝိုက်တွင် ရစ်ပတ်ထား၏။

၎င်းမှလွဲ၍ သူ့တွင် အခြား မည်သည့် အဝတ်မှရှိမနေခဲ့ပေ။ သူက ကိုယ်တစ်ဝက် အဝတ်ဗလာနှင့်ဖြစ်ကာ ခြေထောက်ကလည်း ဗလာဖြစ်နေခဲ့သည်။


ကျန်းမြောင်မြောင်က နှာခေါင်းသွေးလျှံလုနီးပါးပင်။


"နင်... နင့်အဝတ်တွေ ဘယ်မှာလဲ။"


ထိုအမျိုးသားက စကားမပြောသော်လည်း သူမအရှေ့သို့ လျှောက်လာကာ ခါးတွင်ပတ်ထားသည့် ပုဝါအား ဆွဲဖြုတ်လိုက်သည်။

သေစမ်း! ဒါက အရမ်း ဒုက္ခရောက်စေတာပဲ။

သူမက မျက်လုံးများကို ကာလိုက်ပြီး အော်ဟစ်ချင်သော်လည်း ဇွန်ဘီများကို ဆွဲဆောင်မိသွားမိအား စိုးရိမ်သောကြောင့် ခပ်တိုးတိုးဆူညံသံသာ ပြုလုပ်လိုက်ပေသည်။

ဘယ်လိုလုပ်ရမလဲ။ သူမ အတင်းအကျပ် ဖိအားပေးခံရတော့မည်လား။


သို့သော် အချိန်တချို့ ကြာပြီးနောက်၌ပင် တစ်ဖက်လူက သူမအား ထိမလာခဲ့ပေ။ သူမက သတိထားရင်း မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ထိုလူက တည်ငြိမ်စွာဖြင့် သူမရှေ့တွင် တစ်ပတ်လှည့်ပြလိုက်ပြီး သူ့အသွင်သဏ္ဌာန်က အလွန် တက်ကြွနေပေသည်။ သူက လက်များကိုမြှောက်ကာ ခြေထောက်ရှည်များကို ဆန့်ထုတ်လိုက်သည်။


ကျန်းမြောင်မြောင် "...နင် ဘာလုပ်နေတာလဲ။"


"ငါ့မှာ ဘာဒဏ်ရာမှ မရှိတာကြောင့် ငါ ဇွန်ဘီဖြစ်လာမှာကို မင်း စိုးရိမ်စရာမရှိဘူးလို့ ပြတာလေ။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now