၅၆

570 79 5
                                    

Unicode

မနက်ရှစ်နာရီ၌ ကျန်းမြောင်မြောင်က တွန့်ဆုတ်စွာဖြင့် အိပ်ရာထလာခဲ့သည်။ သူမ၏ ပါးစပ်က အနံ့တို့ ထွက်နေသလို ခံစားလိုက်ရပြီး မနေနိုင်ဘဲ သူမ နှုတ်ခမ်းတို့အား အုပ်ထားလိုက်သည်။

အလင်းဖျော့ဖျော့က တံခါးကြားမှ တိုးဝင်လာပြီး သူမက ဘေးတွင် လဲလျောင်းနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ကာ သူ့အား တွန်းနှိုးလိုက်သည်။

"ဟေး... ထတော့လေ။ မနိုးသေးဘူးလား။ အလုပ်လုပ်ဖို့ အချိန်ရောက်ပြီ။"

လုချီမင်က ညည်းသံတိုးတိုး ပြုလုပ်လိုက်သော်လည်း မလှုပ်ရှားခဲ့ပေ။

"မနေ့က နင်ပြောတော့ ငါက ငါးဆားနယ်ဆို။ ဒါပေမယ့် ဒီနေ့ကျတော့ နင်က ပျင်းရိနေတယ်။ ထတော့... ထတော့လို့...။"

ကျန်းမြောင်မြောင်က မွေ့ယာပေါ်တွင် ဒူးထောက်ပြီး သူ့ကို ဆွဲလှုပ်ရင်း သူမ၏ လက်များက သူ့ကို လျှောက်ရိုက်နေကာ မတော်တဆနှင့် သူမ လက်ချောင်းများက သူ့နဖူးကို ထိမိသွားသည်။

"နင့် နဖူးက ဘာလို့အရမ်းပူနေတာလဲ။"

လုချီမင်က မျက်လုံးများကို ဖွင့်လာပြီး သူ့အသံက အားနည်းနေသည်။

"ငါ သိပ်ပြီး သက်သောင့်သက်သာ မဖြစ်သလို ခံစားရတယ်။"

သူ၏ အသားအရောင်က ရေစိမ်ထားသကဲ့သို့ ဖြူဖျော့ကာ ပုံမှန်နှင့်မတူနေပေ။ ကျန်းမြောင်မြောင်က သူမ၏ လက်ဝါးကို သူ့နဖူးပေါ် တင်လိုက်ပြီးနောက် ပူကျစ်​နေသည့် အထိအတွေ့ကြောင့် ရင်တုန်သွားလေသည်။

"နင့်ကို ကြည့်ရတာ ဖျားနေပြီ ထင်တယ်။ အအေးမိတာလား။"

သူက ခေါင်းယမ်းလိုက်သည်။ သူ့ကိုယ်သူ ဘာဖြစ်သလဲ မသေချာခဲ့ပေ။

"ငါ အဖျားကျဆေးတစ်ခုခုရှိမလား သွားကြည့်လိုက်ဦးမယ်။ ခဏလောက်စောင့်ပေး။"

ကျန်းမြောင်မြောင်က အောက်ထပ်သို့ ဆင်းသွားသည့်အခါ ဖုတ်ကောင်ငယ်လေးကို ထည့်ထားသည့် အခန်းသို့ ဖြတ်သွားခဲ့ပြီး ၎င်းက ခြေသံကြားသည့်အတွက် တံခါးကို ခေါင်းနှင့် ပစ်တိုက်လာခဲ့သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now