၃၄

1.2K 172 11
                                    

Unicode

အလင်းလိုအလျင်နှင့် လုချီမင်က မီးဖိုချောင်သုံးဓားကို ယူ၍ ပြေးလာပြီး ဇွန်ဘီလက်ကို ခုတ်ပိုင်းပစ်လိုက်သည်။ ၎င်း၏ အရိုးများက အလွန်မာကျောပြီး တစ်ချက်တည်းနှင့် ဖြတ်ရန်မှာ ခက်ခဲပေသည်။ သူက နောက်တစ်ခါကြိုးစားလိုက်ပြီး အရိုးတစ်ဝက်ထိ ဖြတ်တောက်လိုက်နိုင်သည်။

နောက်ဆုံး၌ သွေးလွှမ်းနေသည့် လက်က ပြေလျော့သွားပြီး တွဲလောင်းပြုတ်ကျသွားခဲ့သည်။ ၎င်းက အပြည့်အဝ မပြတ်သွားခဲ့ဘဲ ကျိုးသွားသည့်လက်မောင်းကို ပြင်းပြင်းထန်ထန် ဆွဲထုတ်လိုက်သည့်အခါ မီတာဝက်လောက်အထိ ခုန်ထွက်သွားခဲ့သည်။


ပြတင်းပေါက်အပြင်ဘက်မှ ဇွန်ဘီက စူးစူးရှရှ အော်ဟစ်ရင်း ရိုင်းစိုင်းကြမ်းကြုတ်သည့် တောရိုင်းတိရစ္ဆာန်ကဲ့သို့ ပြတင်းပေါက်ကို ပြင်းထန်စွာ ရိုက်နေခဲ့သည်။


မှန်စများက ကွဲထွက်ကုန်ကာ ကျန်းမြောင်မြောင်၏ လည်ပင်းပေါ်သို့ ကျရောက်လာသည်။ သွေးများက ချက်ချင်း စီးထွက်လာပြီး သူမ၏ အဖြူရောင်ဝတ်စုံလေးက အနီရောင်လွှမ်းသွားခဲ့လေသည်။

သူမက သွေးများကို သုတ်ရန် ဂရုမစိုက်နိုင်ခဲ့ဘဲ သူမ၏ ခြေထောက်များကို ဆွဲခေါ်ရင်း ထွက်ပြေးလိုက်သည်။


ဇွန်ဘီ၏ ခွန်အားက အလွန် အံ့အားသင့်ဖွယ် ကောင်းပေသည်။ နောက်တခဏအတွင်း ၎င်းက ပြတင်းပေါက်ကို ချိုးဖျက်၍ အထဲသို့ ဝင်ရောက်လာခဲ့သည်။ ၎င်း၏ နီရဲနေသော မျက်လုံးများက သူမကို စိုက်ကြည့်နေခဲ့ပြီး သွေးဆာနေသည့် အလင်းများကို ထုတ်လွှတ်နေသည်။


လုချီမင်က ကျန်းမြောင်မြောင် မကြာခဏထိုင်တတ်သည့် ထိုင်ခုံကို ကောက် မ ကာ ၎င်း၏ ခြေထောက်လေးချောင်းမှ ကိုင်၍ ပြတင်းပေါက်ကို ဖြတ်ကာ ဇွန်ဘီ၏ ခေါင်းအား ရိုက်ချလိုက်သည်။


၎င်း၏ ပုပ်ပွနေသည့် လက်က သူ့ကို လှမ်းဆွဲလိုက်ပြီး သွေးလွှမ်းသည့် လက်ဝါးရာတို့ ကျန်ရစ်ခဲ့စေသည်။


သူက ဇွန်ဘီကို ခုခံရန် ရုန်းကန်နေရပြီး ကျန်းမြောင်မြောင်ဘက်သို့ လှည့်ကာ အော်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now