၃၂

1.2K 180 23
                                    

Unicode

သူမ မွေးဖွားလာကတည်းက 'ရုန်းကန်ရခြင်း' ဟူသော စကားလုံးက သူမနှင့် လားလားမျှမသက်ဆိုင်ခဲ့ပေ။

ကျန်းမြောင်မြောင်က အကြံတစ်ခုထုတ်လိုက်သည်။ သူမက လက်များကို ဆေးကြောလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်ကာ စူပါမားကတ်ပရိုမိုးရှင်းဘောက်ချာကို လှန်လိုက်သည်။


သူမသည် ၎င်းကို ယခင်က စူပါမားကတ်မှနေ၍ ပြန်ယူလာခဲ့ခြင်းဖြစ်ပြီး ထိုအပေါ်တွင် ကုန်ပစ္စည်းအမျိုးအစားများစွာ ပုံနှိပ်ထားသည်။

ယနေ့အခြေအနေက ကုန်ပစ္စည်းများစွာကို မရရှိနိုင်တော့သော်လည်း ၎င်းစာရင်းကို ကြည့်နေရရုံဖြင့်ပင် သူမ၏ စိတ်အခြေအနေက အတော်လေးကောင်းမွန်လာပေသည်။


လိမ္မော်သီး တစ်ကီလိုကို သုံးယွမ်လား။ ဒါအရမ်းစျေးသက်သာပဲ။ ထိုအချိန်က သူမ သုံးပေါင်ကနေ ငါးပေါင်လောက်အထိ တစ်ညလုံးစားပစ်ခဲ့သင့်သည်။


နာနတ်သီး သုံးကီလိုကို ဆယ်ယွမ်လား။ အမလေး... ဒါက အလကားနီးပါးပဲ။ သူမက ဘာကြောင့် ထိုအချိန်က ဤပစ္စည်းများ လျှော့စျေးပေးနေသည်ကို သတိမပြုမိရသနည်း။

ကြက်ဥတွေရဲ့ စျေးနှုန်းက ခုနစ်ယွမ်။ ဝူးဝူး...... သူမ လတ်ဆတ်သော ကြက်ဥပြုတ်မစားရသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။


အစားအသောက်များနှင့် ပတ်သတ်သည့် သူမ၏ စားချင်စိတ်ကို ကျေနပ်စေရန် ပီကေဘူးအနည်းငယ်ကို ထုတ်ယူလိုက်၏။


သူမက လိမ္မော်သီးနှင့် နာနတ်သီးတို့ကို မစားနိုင်တော့သော်လည်း လိမ္မော်သီးနှင့် နာနတ်သီးအရသာ ပီကေတို့ကို စားနိုင်ပေသည်။

မြေအောက်ခန်းမှ ထွက်လာပြီးနောက် လုချီမင်က သူ့အိပ်ခန်းသို့သွားကာ  ပြတင်းပေါက်နှင့် အခြားနေရာများမှ ဟနေသည့် နေရာလပ်များကို လိုက်ဖြည့်တော့သည်။ တစ်နာရီကျော်ကြာပြီးနောက် သူက နေ့လယ်စာချက်ရန် ထွက်လာသည့်အခါ သူမက ပါးစပ်ထဲတွင် ပီကေဝါးနေရင်း ပူဖောင်းများကို အချိန်တိုင်းမှုတ်နေကာ သက်သောင့်သက်သာအမူအရာနှင့် စာအုပ်လေးကို လှန်နေသည်အား မြင်လိုက်ရသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now