၄၈

1K 134 7
                                    

Unicode

နောက်တစ်နေ့မနက် လုချီမင် နိုးလာခဲ့၏။

အလင်းရောင်က တံခါးပေါက်ကို ဖြတ်ကာ ဝင်ရောက်လာပြီး သူသည် မိန်းကလေးက သူ့လက်မောင်းထဲ၌ ကွေးကွေးလေး လဲလျောင်းရင်း ချိုမြိန်စွာ အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ နီနီရဲရဲနှုတ်ခမ်းလေးများက အသက်ရှူလိုက်တိုင်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့သည်။


သူက အသက်ရှူအောင့်လိုက်ပြီး တစ်ဖက်သို့ ဖြေးညင်းစွာ တိုးသွားခဲ့သည်။


ကျန်းမြောင်မြောင်က ရုတ်တရက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာကြက်သို့ အချိန်အကြာကြီး ကြည့်နေခဲ့၏။ သူမက ဘယ်နေရာကို ရောက်နေသ​ည်အား သတိရသွားသည့်အခါ သူမ၏ ခါးကို ကြောင်​လေးတစ်ကောင်ကဲ့သို့ ကုတ်ခြစ်လိုက်သည်။


လုချီမင်က သူ့မျက်လုံးများကို အလျင်အမြန် ပိတ်လိုက်ပြီး အိပ်နေသေးသယောင် ဟန်ဆောင်နေပေသည်။


သူမက ထထိုင်ကာ သူ့မျက်နှာကို ပုတ်လိုက်သည်။ "ထတော့၊ ထတော့။ နင်က ဝက်လား။ စောစောအိပ်ပြီး နောက်ကျမှ ထတာ။"


ထို့နောက်မှသာလျှင် သူက မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်လိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။


"မင်း ညလယ်ခေါင်မှာ တိတ်တိတ်လေး ငါ့လက်မောင်းကို ခုတ်ပစ်လိုက်တာလား။"


"ဟမ်?"


"မဟုတ်ရင် ငါ ဘာလို့ လက်မောင်းရှိနေတာကို မခံစားမိရတာလဲ။" (ထုံကျဥ်နေလို့)

ကျန်းမြောင်မြောင်၏ အရေပြားထူထူက ထိုခဏ၌ နီရဲလာပြီး သူမက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။


"အဲဒါက နင် ပုံစံမကျဘဲ အိပ်လိုက်မိလို့နေမှာပေါ့။ ငါလည်း အမြဲတမ်း အဲဒီအတိုင်းပဲလေ။ နင့်လက်ကို ငါ ပွတ်ပေးရမလား။"

သူမက သူ့အနီးသို့ တိုးသွားခဲ့ပြီး လက်မောင်းကို သူမ၏ လက်များဖြင့် ခပ်ပြင်းပြင်း ပွတ်တိုက်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now