၃၆

1.2K 176 10
                                    

Unicode

သူမက လက်ကို ဆန့်ထုတ်၍ ဂက်စ်အိုး၏ ဘားကို ကိုင်လိုက်သည်။ သူမ ဘားကို လှည့်ဖွင့်တော့မည့်အချိန်တွင် လုချီမင်လည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူက ထိုအဖြစ်ကို မြင်သည့်အခါ ချက်ချင်း တားဆီးလိုက်သည်။ သူ့မျက်နှာထက်တွင် အနက်ရောင်မျဥ်းများနှင့် ပြည့်နေခဲ့သည်။ (စိတ်ဆိုးနေတာ)

"ဘာလုပ်နေတာလဲ။


ကျန်းမြောင်မြောင်က သူမ၏ အတွေးကို ပြောလိုက်သည်။


"ငါ နင့်ကို အတူတူသေဖို့ မခေါ်ပါဘူး။ တကယ်လို့ နင် မတော်တဆ ဂက်စ်တွေ ရှူမိမှာ ကြောက်ရင် ဒီဂက်စ်အိုးကို ငါ့ အိပ်ခန်းထဲ ရွှေ့ဖို့ ကူညီပေး။ ငါ ဂက်စ်မဖွင့်ခင် တံခါးသေချာပိတ်လိုက်မယ်။"

လုချီမင်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း တကယ် သေတော့မလို့လား။ လာနောက်နေတာလား။"


"ငါ နောက်နေတာမဟုတ်ဘူး။ အခု ငါ့ခေါင်းက အရမ်းကို ရှင်းလင်းနေတယ်။"


သူက သူမကို ဖျောင်းဖျရန် အရမ်းကို ပျင်းရိနေခဲ့သည့်အတွက် လက်ကိုမြှောက်ပြီး သူမ နဖူးကို တောက်လိုက်သည်။


"ပျော်ပျော်နေစမ်း​ပါ။ ငါတို့က အခု လုံးဝ မျှော်လင့်ချက်မရှိတဲ့ အခြေအနေကို မရောက်သေးပါဘူး။"

ကျန်းမြောင်မြောင်က သူမ၏ နဖူးကို ကာလိုက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။ "တခြားနည်းလမ်း ဘယ်ဟာရှိလို့လဲ။ ပြောပါဦး။"

"ဗီလာရဲ့ နံရံတွေက သူတို့တိုက်ခိုက်တာကို ခံရဖို့ အရမ်းပါးလွန်းတာကြောင့် ခံနိုင်ရည်သိပ်မကောင်းဘူး။ ဒါပေမယ့် ငါတို့တွေ မြေအောက်ခန်းထဲ ပြောင်းပြီး ထွက်ပေါက်ကို ပိတ်ပစ်လိုက်လို့ရတယ်။ သူတို့ မြေကြီးကို တူးနိုင်မလား သိချင်မိတယ်။"


သူမက ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပလာသော်လည်း သုံးစက္ကန့်အတွင်း၌သာ ဖြစ်သည်။ ထို့နောက် သူမက ထိုနည်းလမ်း၏ အားနည်းချက်များကို တွေးလိုက်မိ၏။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now