၄၁

1.5K 223 16
                                    

Unicode

"နင် ရှုံးသွားပြီ။ ငါ နင့်ကို ပြောသားပဲ။ ဇွန်ဘီလှိုင်းက အဲဒီလောက် မြန်မှာတဲ့လား။"

လုချီမင်က ရယ်မောလိုက်သည်။ "အစောကြီးကတည်းက ကြွားနေပြီလား။ ဘယ်သူရှုံးပြီး ဘယ်သူနိုင်မယ်ဆိုတာ မသေချာသေးဘူးလေ။"

"ငါ ကျိန်းသေနိုင်မှာ။ နင်က အခေါင်းကို မမြင်မချင်း မျက်ရည်ကျမှာ မဟုတ်ဘူးပဲ။"

သူက စိတ်မဝင်စားဟန် ပခုံးတွန့်လိုက်သည်။ "အဲဒါဆို စောင့်ကြည့်တာပေါ့။"

ဓာတ်မီးကို ထွန်းထားသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည့်အတွက် နှစ်ကြိမ်လောက် တဖျတ်ဖျတ်ဖြစ်ကာ နောက်ဆုံး ဓာတ်အားအကြွင်းအကျက ကုန်ဆုံးသွားခဲ့ပေသည်။

ထိုနေ့မှစ၍ သူတို့ မြင်နိုင်သည့် အလင်းရောင်ဟူ၍ ချက်ပြုတ်စဥ် ဒီဇယ်မီးဖိုမှ အလင်းရောင်ကိုသာ မြင်နိုင်ပေသည်။

လုချီမင် လောင်းကြေးထပ်ထားသည့်အချိန်က မကြာခင် ရောက်ရှိတော့မည် ဖြစ်၏။ ဇွန်ဘီလှိုင်းက မပြီးသေးရုံသာမက တိုက်ခိုက်မှုများက ပိုပိုပြီး အားကောင်းလာပေသည်။

ကျန်းမြောင်မြောင်က ဇွန်ဘီများ ရေချိုးကန်ကို ဖျက်ဆီးကာ တိုးဝင်လာလိမ့်မည်ဟု အကြိမ်ပေါင်းများစွာ ခံစားခဲ့ရပေသည်။ သို့သော် အဆုံးတွင် သူတို့က အန္တရာယ်ကင်းကင်းနှင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

သူမသည် သူတို့အပြင်သို့ ထွက်သွားပြီးသည့်အခါ ကတိပေးထားသည်အား လုပ်ပေးရန် ပြောခဲ့ပြီး လုချီမင်က သဘောတူခဲ့ကာ သူမကို မည်သို့သော ရတနာမျိုးကြိုက်သလဲဟုပင် မေးခဲ့သေးသည်။

ကျန်းမြောင်မြောင်က အမျိုးအစား မရွေးဘဲ ရတနာဆိုလျှင် အားလုံးကို နှစ်သက်ပေသည်။

စိန်၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် တောက်ပသည့် ရွှေ အားလုံးကို သဘောကျပေသည်။

ယခင်က သူမသည် စျေးဝယ်ထွက်ရင်း ဆိုင်ရှေ့မှ ဖြတ်သွားသည့်အခါ ၎င်းတို့ကို လိုချင်စိတ်ဖြင့် ကြည့်ရုံသာ တတ်နိုင်သော်လည်း ယခု သူမက အသက်ရှင်ခဲ့သည့်အတွက် ၎င်းတို့ကို ရရှိရန် အခွင့်အရေးရှိလာခဲ့ပြီ ဖြစ်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें