၄၇

995 139 11
                                    

Unicode

သူတို့က ပစ္စည်းများကို စုစည်းသိမ်းဆည်းရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။ အစားအသောက်များက တွန်းလှည်းတစ်ဝက်ခန့်ပါရှိနေသည်။

လုချီမင်က သူတို့၏ ပစ္စည်းများကို မယုံသင်္ကာ ကြည့်လိုက်၏။

"ဒါပဲလား။"

"ဟုတ်တယ်။ အားသွင်းဘတ်ထရီ၊ စက္ကူနဲ့ ခဲတံ.... ပြီးတော့ အစားအသောက်တွေ။ အားလုံးက လက်ရှိ အသုံးဝင်တဲ့ အရာတွေချည်းပဲ။"

ကံကောင်းစွာနှင့် သူတို့က ချက်ချင်း ပြောင်းရွှေ့ခဲ့ကြသည်။ သို့မဟုတ်လျှင် သူတို့၏ ဘဝနေထိုင်မှု အရည်အသွေးက ကမ္ဘာအဆုံးသတ်မတိုင်ခင်မှ သူတောင်းစားများနှင့်ပင် မယှဥ်နိုင် ဖြစ်သွားရပေလိမ့်မည်။

ကျန်းမြောင်မြောင်က တွန်းလှည်းကို တွန်းလိုက်ပြီး သူမ မျက်လုံးများက ဇွန်ဘီသေးသေးလေးပေါ်သို့ ကျရောက်သွားသည်။

"ဒါကို ဘယ်လို သယ်သွားကြမလဲ။ တွန်းလှည်းမှာ ချည်သွားကြမှာလား။"

လုချီမင်က ခေါင်းခါလိုက်ပြီး အဝတ်စကို ကြိုးတစ်ချောင်းကဲ့သို့ ဖြဲစုတ်လိုက်ကာ ကြိုး၏ အစွန်းတစ်ဖက်အား ဇွန်ဘီလေးကို ချည်နှောင်လိုက်ပြီး အခြားတစ်ဖက်ကို သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။

"သွားမယ်။"

သူက အဝတ်ကို ဆောင့်ဆွဲလိုက်သည့်အခါ ဇွန်ဘီငယ်လေးက ရှေ့သို့ ခြေနှစ်လှမ်းစာလောက် ရွေ့လာခဲ့ပေသည်။

[T/N: ဒီထဲက ဇွန်ဘီတွေကို တကယ်သနားဖို့ ကောင်းတယ်။ လုချီမင် အရမ်းရက်စက်တာပဲ။ 😅😅]

၎င်းက တရှူးရှူးတရှဲရှဲနှင့် ထိုဆက်ဆံပုံကို မကျေနပ်သည်မှာ သိသာလေသည်။ သို့သော် သူ့ခေါင်းက လည်ပင်းပေါ်မှ ကျိုးကျနေသည့်အတွက် ကိုက်ရန်မဖြစ်နိုင်သလို ဘာကိုမှလည်း မမြင်နိုင်သည့်အတွက် ပိတ်ကြိုးစ၏ စည်းချက်အတိုင်း လိုက်ပါ၍ ခေါင်းမပါသည့် ယင်ကောင်ကဲ့သို့ ရှေ့ဆက်လျှောက်ရန်သာ တတ်နိုင်ပေသည်။

ကျန်းမြောင်မြောင်က တွန်းလှည်းကို တွန်းခဲ့သည်။ လုချီမင်က ဇွန်ဘီလေးကို ကိုင်ထားကာ မမှောင်ခင် အိမ်သစ်သို့ သွားရန် မြေအောက်ခန်းထဲမှ ဆွဲထုတ်လာခဲ့သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now