၄၂

1.4K 222 22
                                    

Unicode

ကျန်းမြောင်မြောင်က အံ့အားသင့်စွာ မော့ကြည့်လိုက်သည့်အခါ အမှောင်ထဲသို့ လျှောက်ဝင်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

လုချီမင်က ရေချိုးကန်ကို ပြန်ရွှေ့ကာ နေရာတကျ ပြန်ထားလိုက်သည်။ သူက အမှောင်ထဲတွင် သူမဘေးသို့ လျှောက်လာကာ သူမကို အိတ်တစ်လုံး လှမ်းပေးလိုက်သည်။

"စားလိုက်။ ငါ စူပါမားကတ်ကနေ ရလာခဲ့တာ။"

ကျန်းမြောင်မြောင်က အားမနာနေတော့ပေ။ သူမက အိတ်ကိုဖွင့်ကာ ယူစားလိုက်ပြီး သူမ ပါးစပ်ထဲရောက်ပြီးနောက်မှသာ ၎င်းက ချောကလက် ဖြစ်နေကြောင်း သိလိုက်ရသည်။

သူက အပူပေးထမင်းဘူးလည်း ယူလာခဲ့ပြီး သူမ ချောကလက်ကို အလောတကြီးစားနေစဥ် သူက ထမင်းချက်ရန် ရေထည့်နေခဲ့သည်။

ကျန်းမြောင်မြောင်က ချောကလက်စားရခြင်းကို ငြီးငွေ့လာသည့်အချိန်၌ သူမလက်ထဲသို့ မွှေးပျံ့သည့် ငါးအသားလွှာနှင့် ဝက်သားထမင်း သူမလက်ထဲရောက်လာခဲ့သည်။

ချောကလက်က ကယ်လိုရီကို ဖြည့်တင်းပေးပြီး ဆန်က ကာဗွန်ဟိုက်ဒရိတ်ကို ဖြည့်ပေး၏။ နှစ်မျိုးလုံးစားသောက်ပြီးနောက် သူမက ခွန်အားကို ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။ သူမက ပြည့်တင်းသွားသည့် ဗိုက်ကို ကိုင်ကာ နံရံကို မှီထိုင်၍ သက်သောင့်သက်သာရှိစွာ သက်ပြင်းချလိုက်သည်။

လုချီမင်က သူမကို ရေတစ်ခွက်လှမ်းပေးရင်း ပြောလိုက်၏။ "ရေတစ်ငုံလောက်သောက်လိုက်ဦး။"

သူမက တစ်ငုံလောက်လိုက်၏။ ရေက အေးမြလတ်ဆတ်ပြီး သူမ၏ ပါးစပ်အတွင်းမှ ဆီများကို ရှင်းလင်းသွားပေးခဲ့သည်။

"ကျေးဇူးပါ။ နင်ရော စားပြီးပြီလား။" သူက ရေဖန်ခွက်ကို ချပြီးနောက်မှ သတိရသွားသည်။

လုချီမင်က ပြောလိုက်၏။ "ငါ ခုနက စားခဲ့ပြီးပြီ။"

"အဲဒါကောင်းတယ်။ ငါက အားလုံးစားပစ်လိုက်မိပြီလို့တွေးနေတာ။"

သူက နောက်ပြောင်ကာ မေးလိုက်သည်။ "ငါ ဗိုက်ဆာနေတုန်းပဲဆိုရင် ဘယ်လိုလုပ်မလဲ။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now