၅၈

791 74 12
                                    

ကျန်းမြောင်မြောင်က မြိုချရန် အချိန်အကြာကြီး ခက်ခက်ခဲခဲ ကြိုးစားလိုက်ပြီးနောက် တွန့်ဆုတ်စွာ ပြုံးလိုက်သည်။ "ဆေးတွေက ပိုခါးလေ သက်ရောက်မှုပိုရှိလေ မဟုတ်ဘူးလား။ လိမ္မာတဲ့ကောင်လေး အကုန် သောက်လိုက်နော်။"

လုချီမင်၏ အဖျားက အလွန် မဆိုးဝါးတော့သော်လည်း သူက သနားစရာကောင်းလှသည့် ပုံလေးနှင့် သူမအား ကြည့်လိုက်သည်။

"ရိုးရိုးဆန်ပြုတ်လေးနဲပဲ လဲပေးလို့ မရဘူးလား။"

"မရဘူး။ နင် အာဟာရဓာတ်တွေ ပြန်ဖြည့်ဖို့ လိုနေတယ်လေ။"

"တစ်ငုံပဲ သောက်လို့ရမလား။"

"မရဘူး။ နင် ခံနိုင်ရည်အား မလုံလောက်ရင် သေသွားလိမ့်မယ်။"

သူက အခုချိန်၌ ထရပ်ရန်ပင် အလွန် အားနည်းမနေပါလျှင် ဤနေရာ၌ နေပြီး သူမ၏ နှိပ်စက်ခြင်းကို ခံယူနေရမည့်အစား အပြင်သို့ ပြေးထွက်၍ ဇွန်ဘီများနှင့်သာ နေလိုက်ချင်တော့ပေသည်။

ကျန်းမြောင်မြောင်၏ အကျပ်ကိုင်ဖြားယောင်းမှု အောက်တွင် သူက ဆန်ပြုတ်တစ်ပန်းကန်လုံးကို တစ်လုတ်ပြီး တစ်လုတ် ပါးစပ်အပြည့် သောက်လိုက်ရပြီး နောက်ဆုံး၌ သူမ ပြောလာသည့် စိတ်သက်သာရာရဖွယ် စကားကို ကြားလိုက်ရသည်။ "ကုန်သွားပြီ။"

သူမက အောက်ထပ်သို့ ဆင်း၍ ပန်းကန်များကို ဆေးကြောကာ ရေနွေးတစ်ခွက်နှင့် ပြန်တက်လာခဲ့သည်။

သူ့ကို ဆေးတိုက်ပြီးနောက် သူမက ထောင့်သို့ သွားကာ ထိုင်ချလိုက်ပြီး ဂိမ်းကို စကိုင်လိုက်သည်။ လုချီမင်အား အနှောက်အယှက် ပေးမိမည်ကို စိုးရိမ်သောကြောင့် ဂိမ်းကို အသံပိတ်ပေးထားလိုက်၏။

လုချီမင်က အဖျားသွေးရှိနေဆဲ ဖြစ်တာကြောင့် သူ့ခေါင်းက မူးဝေနေကာ နှာခေါင်းပိတ်၍ နားများအူနေပြီး တစ်ကိုယ်လုံးကလည်း ကိုက်ခဲနာကျင်နေ၏။

သူက အိပ်ပျော်သွားလျှင် နာကျင်မှုများကို ခံစားရတော့မည် မဟုတ်သောကြောင့် အိပ်ချင်နေသော်လည်း သူ့မျက်လုံးများက သူမကိုသာ ကြည့်မိနေခဲ့ပြီး နောက်ဆုံး၌ ပြောလိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now