1.6K 238 7
                                    

Unicode

"မင်း အခု ငါ့ကိုပါ ကျွေးလို့ရပြီလား။" ထိုလူက မေးလိုက်သည်။

"အထဲကို ဝင်မလာနဲ့။ အဲဒီမှာရပ်ပြီး ထွက်သွားလိုက်။"


ကျန်းမြောင်မြောင်က သူ့ကို မီးဖိုချောင်မှ ကန်ထုတ်ပြီး တံခါးအား ပိတ်လိုက်သည်။ သို့သော် သူမက သူမက အိုးထဲသို့ ထမင်းအဖြူနှစ်ဇွန်း ပိုထည့်ခဲ့သည်။


ဇွန်ဘီပျက်ကပ်ဖြစ်ပွားနေသည့် လောကအတွင်း ထမင်းအဖြူ၏ ရနံ့က ရွှေထက်ပင် ပို၍ အဖိုးတန်လေသည်။


ဧည့်ခန်းထဲသို့ လျှောက်သွားခဲ့သည့်သူက ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး သူမ ရေးထားသည့် ဝက်မွေးမြူရေးလက်စွဲကို ဖတ်ကြည့်နေခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက် ထမင်းကြော်ရနံ့က အိုးထဲမှ ထွက်ပေါ်လာသည်။


ကျန်းမြောင်မြောက်က ထမင်းကြော်ပန်းကန် နှစ်ချပ်နှင့် ထွက်လာခဲ့၏။ သူမက သူ့အား ထိုင်ခုံမှ ထခိုင်းရန် ပြောချင်သည့်အခါမှ ထိုလူ၏ အမည်ကို မသိသေးကြောင်း သတိပြုမိလိုက်သည်။ သို့သော် သူမက သူ့ကို အစားအသောက်များ ကျွေးနေရဆဲ ဖြစ်လေသည်။

"အဲဒါ ငါ့ ထိုင်ခုံ။"


ထိုလူက မဆန့်ကျင်ခဲ့ပေ။ သူက ထိုင်ခုံကို သူမထံ ပေးလိုက်ပြီးနောက် ကြမ်းပြင်၌ ထိုင်ချလိုက်သည်။


"ငါ့နာမည်က လုချီမင်။"


လုချီမင်..... ထိုအမည်ကို စာအုပ်ထဲ၌ မြင်ဖူးသည့်ပုံမပေါ်ပေ။ သူသည်လည်း အမြှောက်စာဇာတ်ကောင်လေး တစ်ယောက်ပေလား။


ကျန်းမြောင်မြောင်က အချိန်အနည်းငယ်ခန့် သူ့ကို စူးစမ်းဟန်ကြည့်လိုက်ပြီး သူမ မျက်လုံးများက အမှတ်တမဲ့နှင့် သူ့ခါးဆီသို့ ရောက်သွားသည့်အခါ အကြည့်တို့ကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။


"ငါ မတော်တဆ လမ်းပျောက်မသွားခင် ငါ့သူငယ်ချင်းတွေနဲ့ အတူရှိခဲ့တာ။ ဇွန်ဘီတွေ ထွက်သွားတဲ့အခါ ငါ သူတို့ကို သွားရှာမှာ။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now