၃၃

1.2K 167 7
                                    

Unicode

ဗီလာတစ်ခုလုံးမှ အဟများကို ဖြည့်ရန် သုံးရက်နီးပါး အချိန်ယူလိုက်ရသည်။ ပြတင်းပေါက်များကို ဖွင့်ခြင်းမှမဟုတ်လျှင် လေပင် ထိုးဖောက်မဝင်နိုင်တော့ပေ။

တူညီသည့် နည်းလမ်းအတိုင်းပင် အထဲမှ အနံ့များလည်း အပြင်သို့ မထွက်နိုင်တော့ဘဲ အပြင်လောကနှင့် သီးခြားခွဲထုတ်ထားသည့် ကမ္ဘာသေးသေးလေးကဲ့သို့ ဖြစ်သွားလေသည်။


ကျန်း​မြောင်မြောင်က မည်းမှောင်နေသော အိမ်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ သူ့ကို ပြောလိုက်သည်။ "နင် ထွက်မသွားခင် ငါ့အတွက် ဒါတွေ ပြန်ဖြုတ်ပေးခဲ့။ နားလည်လား။"

သူမက လင်းနို့မဟုတ်သည့်အတွက် နေရောင်ပင် မမြင်နိုင်သော အမှောင်ထဲတွင် အချိန်အကြာကြီး နေရလျှင် ခံစားချက်က ဆိုးရွားလာလိမ့်မည် ဖြစ်သည်။


ယခုက ကမ္ဘာကြီး၏ အဆုံးသတ်ဖြစ်ပြီး စိတ်ကျခြင်း သို့မဟုတ် တစ်ခုခုဖြစ်ခဲ့လျှင် အချိန်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။


လုချီမင်က မတတ်သာစွာနှင့် ခေါင်းယမ်းလိုက်သည်။


"မင်းသာ ငါနဲ့ မတွေ့ခဲ့ရင် ဇွန်ဘီလှိုင်းလာတဲ့ နောက်တစ်နေ့မှာ အသက်ရှင်နိုင်စွမ်းရှိတော့မှာ မဟုတ်ဘူး။"


သူမက မျက်လုံးများကို လှိမ့်လိုက်သည်။ "ငါသာ နင်နဲ့မတွေ့ခဲ့ရင် ငါ သိုလှောင်ထားတဲ့ ရိက္ခာတွေ အကုန်စားပစ်ခံရပြီး ပြောင်သလင်းခါသွားမှာ မဟုတ်ဘူး။"

သူတို့နှစ်ယောက်ထဲက မည်သူမှန်သည်ဟု ဘယ်သူမှ ပြောနိုင်လိမ့်မည်မဟုတ်ပေ။ သူတို့က တစ်ယောက်နှင့် တစ်ယောက် လက်ခလယ်ထောင်ပြလိုက်ကြပြီး အချိန်ကုန်သွားရန် လုပ်စရာ တစ်ခုခု ရှာဖွေလိုက်ကြသည်။

သူတို့က ဗီလာအပြင်ဘက်သို့ မသွားနိုင်လေရာ အိမ်ထဲ၌ လုပ်နိုင်သည့် အလုပ်များကိုသာ ရှာဖွေနိုင်လေသည်။


လုချီမင်ကလည်း ဘာအလုပ် လုပ်ရမလဲမသိတော့ဘဲ ဂျုံနယ်ခြင်းကို စတင်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now