၅၉

389 56 5
                                    

သို့သော်လည်း ဤရပ်ကွက်၏ လုံခြုံရေးက အလွန် ကောင်းမွန်ခဲ့သည့်အတွက် လူအများက သူခိုးကာကွယ်ရေး ပြတင်းများကို တပ်ဆင်ထားခြင်း မရှိပေ။  သူက ဝက်အူလှည့်နှင့် တူတစ်လက်ကို သယ်ကာ ပစ်မှတ်ရှာမတွေ့ဘဲ လျှောက်ရှာနေခဲ့ရသည်။

ကျန်းမြောင်မြောင်သည် ကံကောင်းစွာနှင့် ပထမဆုံး ဝင်သွားခဲ့သည့်နေရာရှိ ဗီရိုထဲတွင် ပဲတီစိမ်းအိတ်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။

ပဲတီစိမ်းဟင်းချိုက အလွန် ကောင်းပြီး ချိုလည်းချိုသည်။ ဆန်ပြုတ်ထဲ၌ အနည်းငယ် ထည့်စားလျှင်လည်း ကောင်းမွန်သည်။

အရေးကြီးဆုံးကတော့ သူမ ပဲပင်ပေါက် ထပ်စား၍ ရနိုင်တော့မည် ဖြစ်သည်။

ပဲပင်ပေါက်များက ပဲဝါလေးပင်ပေါက်များထက် ပိုနူးညပြီး အရသာ ပိုကောင်းပသည်။

ကျန်းမြောင်မြောင်သည် ထိုအိမ်အတွင်းရှိ ထည့်စရာ ဘူး၊ ပုလင်း၊ သေတ္တာများ အားလုံး ရှာဖွေခဲ့ပြီး လက်ဆေးကန်များ၊ ပုံးများနှင့် ရေချိုးကန်များကို အိမ်သို့ သယ်ပြန်လာကာ အခန်းသပ်သပ်တစ်ခန်း စီစဥ်၍ ပစ္စည်းများကို ဘေးချင်းကပ်၍ သပ်သပ်ရပ်ရပ် စီရီနေရာချလိုက်သည်။

ပဲပင်ပေါက်များက ရေလိုအပ်ပြီး သူမက ရေမသယ်နိုင်ပေ။

လုချီမင် ပြန်လာသည့်အခါ ရေကန်သို့ သွား၍ ရေပုံးအနည်းငယ်ခန့် သယ်ပေးခဲ့သည်။

ယခင်နည်းလမ်းအတိုင်း ကျန်းမြောင်မြောင်သည် ပဲများကို ရေနွေးနွေးထဲတွင် တစ်ညလုံး စိမ်ထားပြီးနောက် ထည့်စရာသေတ္တာများထဲ ရေစွတ်ထားသည့် တစ်ရှူးစက္ကူနှစ်ထပ်ခင်းကာ ပဲများကို ဖြန့်ခင်း၍ ရေစိုနေသည့် တစ်ရှူးစက္ကူနှစ်လွှာဖြင့် ဖုံးအုပ်ကာ ပဲများကို အစိုဓာတ်ရနေအောင် လုပ်လိုက်သည်။

ပဲစိမ်းများက အညှောင့်ပေါက်မြန်ပြီး နှစ်ရက်ဆက်တိုက် ရေလောင်းပြီးနောက် ပဲပင်ပေါက်ဖြူဖြူများ အညှောင့်ထွက်လာကာ သိပ်မကြာခင်၌ လက်ချောင်းတစ်ချောင်းထက် ပိုရှည်လာသည်။

ကျန်းမြောင်မြောင်သည် လက်တစ်ဆုပ်စာ နှုတ်ယူပြီး ပဲပင်ပေါက်နှင့် ခရမ်းဂေါ်ဖီထုပ်ဟင်းချို ပြုလုပ်ခဲ့သည်။ ညစာစားချိန်တွင် သူတို့နှစ်ယောက်သား ပန်းကန်လုံးကြီးတစ်လုံးစာ သောက်လိုက်ကြကာ ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချရင်း သက်သောင့်သက်သာဖြင့် ဝလင်စွာ စားသောက်ထားသည့် ဗိုက်များကို ပွတ်နေကြသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now