၅၀

1K 139 8
                                    

Unicode

သူက ပြန်လှည့်လာပြီး သူ့နှုတ်ခမ်းထောင့်များက မြင့်တက်နေသည်။ "မင်း အခု ချက်ပြုတ်လို့ရပြီ။"

ကျန်းမြောင်မြောင်က အံ့အားသင့်သွားသည်။ သူမက ဘေးအိမ်သို့ သွားပြီး ဆီ၊ ဆား၊ ငရုပ်ဆီ၊ ရှာလကာရည်၊ အိုးများ၊ ဒယ်အိုးနှင့် ရေပန်းမှ ရေသန့် ပုံးတစ်ဝက်ယူလာကာ ဧည့်ခန်းကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်၍ စတင်ချက်ပြုတ်တော့သည်။

သူမက အိမ်မှာ ရှိနေသည်မှာ သိသာသော်လည်း အပန်းဖြေခရီးထွက်နေသလို ခံစားချက်မျိုး ခံစားနေရပေသည်။

အစားအသောက်က ရိုးရှင်းလှသည်။ ရေနှင့် ဆန်ကို ဆူပွက်အောင် ကျိုလိုက်ရုံဖြစ်ပြီး တစ်ဝက်ကျက်အောင် ချက်ပြုတ်ပြီးသည့်အခါ အသားခြောက်အချို့နှင့် အခြားအဆာပလာများကို ပစ်ထည့်လိုက်သည်။

ထိုမိသားစုက ချမ်းသာပေသည်။ ကျန်းမြောင်မြောင်သည် ပင်လယ်ခရုခြောက်နှင့် ပင်လယ်ရေညှိခြောက်များကို မီးဖိုချောင်အတွင်းရှိ ကြောင်အိမ်ထဲ၌ တွေ့ရှိခဲ့သ​ည်။

သူမသည် ၎င်းတို့ကို ယခင်က ချက်ပြုတ်ဖူးရန်မဆိုထားနှင့် တစ်ခါမှ မစားဖူးခဲ့ဘဲ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ရန်အတွက် အာဟာရများစွာ ပါဝင်သင့်သည်ဟု တွေးခဲ့ပေသည်။ ထို့ကြောင့် သူမက ၎င်းတို့ကို ရေနှင့် ဆေးကြောလိုက်ပြီး ရောချက်ရန် ပစ်ထည့်လိုက်သည်။

လုချီမင်က သူမ အနီးတွင် လက်မောင်းကို ခေါင်းအုံးရင်း လှဲနေခဲ့သည်။ သူက သူမ၏ ထူးချွန်လှသော အချက်အပြုတ်စကေးကို မြင်သည့်အခါ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

"အဲဒါက တကယ်ပဲ စားလို့ရော ရနိုင်မှာလား။"

သူမက ယုံကြည်ချက်အပြည့်နှင့် ဟင်းချက်ဇွန်းကြီးကို ကိုင်ထားခဲ့သည်။

"နင် မြေအိုးထမင်း မစားဖူးဘူးလား။ အဲဒါတွေ အကုန်လုံးက ဒီလိုလုပ်ကြတာပဲ။ အနံ့လည်း ကောင်းတယ်လေ။"

လုချီမင်က ပြောလိုက်သည်။ "အဲဒါဆိုလည်း ငါ စောင့်ကြည့်နေမယ်။"

ကျန်းမြောင်မြောင်က ချက်ပြုတ်ခြင်း၌ အာရုံစိုက်နေခဲ့သည်။ သူမက အချက်အပြတ်တွင် မကျွမ်းကျင်ဘဲ လျှပ်စစ်မီးဖိုကို ပထဆုံးအသုံးပြုခြင်း ဖြစ်သည့်အတွက် အပူချိန်ကို ချိန်ညှိရန် မသေမချာဖြစ်နေပြီး အပူလောင်မည်အား ကြောက်ရွံ့နေသည်။ သူမက ဆန်မှ အငွေ့ထွက်လာသည်ကို မြင်သည့်အခါ ဖိုပေါ်မှ အလျင်အမြန် ချလိုက်ကာ လှုပ်ရှားမှု မရှိတော့သည့်အခါ သူမက တစ်ဖန် ပြန်ဖွင့်လိုက်သည်။ ထိုကဲ့သို့ သူမက အကြိမ်ပေါင်းများစွာ ပြုလုပ်နေခဲ့ပေသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now