၃၇

1.2K 183 0
                                    

Unicode

ကျန်းမြောင်မြောင်သည် လုချီမင်က ဒဏ်ရာများရထားသော်လည်း အလုပ်လုပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူမက ပျင်းရိနေရမှာ အားနာသွားခဲ့သည်။ သူမက စူပါမားကတ်မှ ပြန်တွန်းယူလာခဲ့သော တွန်းလှည်းကို ကြည့်မိကာ အကြံတစ်ခု ထွက်လာခဲ့၏။

လုချီမင်က ပုံးများကို ဆက်သယ်ရန် မြေအောက်ခန်းမှ ထွက်လာသည့်အခါ သူမက တွန်းလှည်းကို တွန်းလာရင်း ပြောလိုက်သည်။


"ပုံးတွေကို အထဲမှာ ထည့်ပြီး အတူတူတွန်းသွားရအောင်။"


ထိုတွန်းလှည်းမှာ အနည်းဆုံး တစ်ကြိမ်တွင် လေးပုံးခန့် ဆန့်နိုင်ပြီး သူ့ပခုံးပေါ်ထမ်းကာ သယ်သည်ထက် အများကြီး သယ်ရပိုလွယ်ကူပေသည်။


လုချီမင်က သူမကို ရှားရှားပါးပါး အထင်ကြီးသည့် အကြည့်မျိုးနှင့် ကြည့်လိုက်ရင်း သူ့ပခုံးပေါ်မှ ပုံးကို တွန်းလှည်းထဲသို့ ထည့်လိုက်သည်။


သူတို့နှစ်ယောက်က အတူတူ အလုပ်လုပ်နေကြပြီး ရေအားလုံးကို မြေအောက်ခန်းသို့ ရွှေ့ပြောင်းရန် တစ်ရက်နီးပါးအချိန်ယူလိုက်ရပြီးနောက် နံရံနား၌ သပ်သပ်ရပ်ရပ် စီထားလိုက်သည်။

သူတို့က ချက်ပြတ်ရန်ပင် အားအင်မရှိတော့ဘဲ အပူပေးထမင်းဘူးကို တစ်ယောက် တစ်ဘူးစားလိုက်ကြပြီး လဲလိုက်သည့်အခါ နာရီအတော်ကြာအောင် အိပ်စက်သွားခဲ့ကြသည်။

နိုးလာပြီးနောက် သူတို့က နေ့လားညလားပင် မသိခဲ့ဘဲ အလုပ်ဆက်လုပ်ကြကာ နောက်ဆုံး၌ စာရင်းထဲမှ ပစ္စည်းများအားလုံးကို ရွှေ့ပြောင်းလိုက်နိုင်သည်။


အပြင်ဘက်မှ ဇွန်ဘီများ၏ လှုပ်ရှားမှုတို့က ပို၍ပို၍ ကြီးမားလာသည်။ စတိုခန်းလေးအတွင်းမှ ရွှေတင်ပါးတစ်ခြမ်းကလည်း တဖြေးဖြေး ကြမ်းတမ်းလာသည်။


တံခါးနားမှ ဖြတ်သွားသည့်အချိန်တိုင်း ကျန်းမြောင်မြောင်က သူ့ဟိန်းဟောက်သံကို ရှင်းလင်းစွာ ကြားနိုင်ပေသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now