၄၃

1.2K 220 16
                                    

Unicode

ကျန်းမြောင်မြောင်က နှပ်ရှုံ့လိုက်ပြီး အဆင်ပြေကြောင်း စိတ်မှနေ၍ သူမကိုယ်သူမ အားပေးလိုက်သည်။

အစကတည်းက သူမတစ်ယောက်တည်း ဖြစ်သည်။ သူက ခဏတဖြုတ် ဖြတ်သွားရင်း သူမကို အဖော်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယခု သူမက ယခင်ဘဝကို ပြန်ရောက်သွားရုံဖြစ်ပြီး ကြီးကြီးကျယ်ကျယ် မဟုတ်ပေ။

သူမက ထထိုင်ကာ တွန်းလှည်းထဲမှ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

၎င်းက အာလူးကြော် သို့မဟုတ် ဘီစကစ် ဖြစ်နိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် သူမက အထုပ်ကို ဖောက်ကာ ပါးစပ်ထဲပစ်ထည့်လိုက်၏။ ခဏလောက် ဝါးပြီးနောက် ၎င်းက ပါစတာခြောက်ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ခေါက်ဆွဲများက အလွန် ခြောက်သွေ့နေသည့်အတွက် လည်ချောင်းထဲတွင် ဆို့ကာ မြိုချမရပေ။

ကျန်းမြောင်မြောင်က ငေးငိုင်ငိုင်နှင့် ရေတစ်ခွက်လောင်းထည့်နေရင်း တစ်စုံတစ်ယောက်က အပြုံးနှင့် ပြောလိုက်သည့်အသံကို ကြားလိုက်ရ၏။ မင်း ကြက်ခြေထောက်ပုံပြင်ကို ကြားဖူးလား။

သူမက ခေါင်းကိုလှည့်ကြည့်လိုက်သော်လည်း ဘာမှမရှိဘဲ အမှောင်ကသာ ကြီးစိုးနေပေသည်။

ဇွန်ဘီများက ထွက်သွားပြီး သူကလည်း ထွက်သွားပြီ ဖြစ်သည်။ အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။

အစာနှင့် ရေသာရှိလျှင် ရှင်သန်နိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။

သူမက သူမကိုယ်သူမ အားတင်းကာ ကောင်းမွန်သည့် လုပ်ငန်းစဥ်တစ်ခု ချမှတ်လိုက်သည်။ တစ်နေ့ကို အများဆုံးဆယ်နာရီ အိပ်စက်ပြီး အနည်းဆုံး သုံးနပ်စားသောက်ရမည်။ သူမက အပြင်မထွက်နိုင်သော်လည်း ချိနဲ့မသွားစေရန် မြေအောက်ထပ်အတွင်း လှည့်ပတ်လမ်းလျှောက်၍ ရနိုင်သည်။

ရက်အနည်းငယ်ခန့် လေ့လာကြည့်ပြီးနောက် လုံခြုံသွားပြီဟု ဆုံးဖြတ်နိုင်လျှင် သူမက နေရာသစ်ရှာ၍ ပြောင်းရွှေ့မည် ဖြစ်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now